I Woke Up And Was Pregnant

ابدأ من البداية
                                    

သူ့အကြည့်များကို ရုတ်လိုက်ရင်း ထမင်းဘူးကိုဖွင့်ကြည့်လိုက်သည်။

ယနေ့၏ နေ့လည်စာသည် ယခင်နေ့များ
အတိုင်းပင် အဆီများလွန်းလှသော အာလူး
နှင့် ခရမ်းသီးများပင် ဖြစ်လေသည်။ သူက တူကိုကောက်ကိုင်ကာ မျက်နှာအနေအထားတစ်
ချက်မပြောင်းလဲဘဲ စားလိုက်သည်။သူဆိုသည်မှာ သားရဲတွင်းထဲ၌သာနေထိုင်နိုင်သောမကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။

ကျန်းဟန်ရှုက လိင်တူစိတ်ဝင်စားသူဖြစ်နေခဲ့လျင်တောင်သူ၏ပုံပျက်ပန်းပျက်သဏ္ဍာန်ကို လက်ခံနိုင်စရာအကြောင်းမရှိပေ။ သူ့ကဲ့သို့သောလူမျိုးသည် တစ်ယောက်ထဲ သေ၍ ပုပ်သိုးသွားသင့်သော လူမျိုးပင်။ သေးငယ်သော ပန်းလေးတစ်ပွင့်လောက်ကသာသူ၏ အုတ်ဂူ
ထက်၌ ပွင့်လန်းကာ သူ၏ ဘဝအကြောင်းကို
နွေဦး၏လေထဲ၌ ပြောကြပေလိမ့်မည်။

တွေးနေရင်းဖြင့် ဖုကျန်းတစ်ယောက်
အားမလိုအားမရဖြစ်ပြီး သူ၏ဘဝကိုစိတ်ပျက်လာမိကာ သူ၏တူကိုင်ထားသော
ညာဘက်လက်က လေထဲ၌ ရပ်တန့်သွားကာ
မည်သည်ကိုမျှ ပါးစပ်ထဲသို့ မထည့်နိုင်တော့ပေ။

ပြောင်လက်နေသော ငံပြာရည်အနည်းငယ်
က ထမင်းဘူးအတွင်းမှ သူ၏လက်ပေါ်သို့စီး
ကျလာရာ မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲ
မှတူကို ဘေးသို့ပို့လိုက်သည်။

ထိုအခိုက်တွင် ကျန်းဟန်ရှုက ဖုန်းပြောပြီးနောက်ဘက်သို့လှည့်ကြည့်လိုက်ရာ ဖု
ကျန်းတစ်ယောက် လက်သုတ်ရန် တစ်ခုခုရှာနေသည်ကိုမြင်လိုက်သည်။ သူ့အိတ်အတွင်းမှ တစ်ရှူးကိုထုတ်ကာ ဖုကျန်းဘက်သို့ ငုံ့ပြီး ပေးလာသည်။

ဖုကျန်း ခေါင်းမော့ကြည့်လိုက်သောအခါ
တွင် ဆောင်းနေက နွေးထွေးနူးညံ့စွာ ထို
သူ၏ ရေနှင့်တူသော မျက်ဝန်းပြာပြာများထဲမှ ပုံရိပ်ထင်နေကာ သူ၏ ထူထဲပြီး အပေါ်သို့ ကော့တက်နေသော မျက်တောင်မွှေးများက အရိပ်တစ်ခုပင်ဖြစ်ပေါ်နေသည်။

ဖုကျန်း အချိန်အတော်ကြာ စိုက်ကြည့်နေပြီးသူကိုယ်တိုင်၏ပုံသဏ္ဍာန်ကိုလည်း ထိုသူ၏မျက်ဝန်းများထဲတွင်မြင်လိုက်လေသည်။လေပြည်တစ်ချက်သူ၏မျက်နှာသို့ဖြတ်တိုက်သွားသည်။ သူ၏ နှလုံးခုန်သံကိုသူကြားနေရသော ဖုကျန်းသည် အနည်းငယ် ကြောင်အနေပြီးမှ ထိုသူကမ်းပေးလာသော တစ်ရှူးကို
လှမ်းယူလိုက်ကာ အသံတိုးတိုးနှင့်ပင် ပြောလိုက်သည်။

I Woke Up And Was Pregnant حيث تعيش القصص. اكتشف الآن