"ဟီးး sorry ပါ ယွန်းဂီ..၊ ငါ ပြန်ဝယ်ပေးပါ့မယ်။ ဒါကြောင့် အခုပဲ သွားဝယ်ရအောင်.."

.
.
.
.
.
ခြံထဲမှကားအား စက်နှိုး၍ အပြင်သွားရန်ပြင်ဆင်နေသော ယွန်းဂီ။

ထိုစဥ် သူ့နားသို့ ထယ်ယောင်းတစ်ယောက် လှုပ်"လှုပ်" နှင့် ပြေးလာပြီး..

"ယွန်းဂီရား... ငါလည်းလိုက်မယ်လေ.."

"မလိုက်ရဘူး..၊ ငါတစ်ယောက်တည်းပဲသွားမယ်၊ မင်းက Brownie နဲ့ နေခဲ့.."

"ဟာ.. ဘာလို့ ငါက Brownie နဲ့ နေခဲ့ရမှာလဲ..၊ သူက ကလေးမှမဟုတ်တာ၊ အရွယ်ရောက်ပြီးသား ခွေးတစ်ကောင်ဖြစ်နေပြီ.."

ယွန်းဂီလည်း ဆက်မပြောချင်တော့ပဲ သက်ပြင်းတစ်ချက်ချ၍သာ ကားထဲမှ driver seat တွင် ဝင်ထိုင်လိုက်တော့သည်။

ထိုအခါမှ ထယ်ယောင်းလည်း အတောက်ပဆုံးအပြုံးလေးကိုပြုံးလိုက်ကာ lover seat တွင် ဝင်ထိုင်လိုက်သည်။

မောင်းထွက်သွားသော ကားလေးနှင့်အတူ ဘန်ဂလိုအတွင်းမှ Brownie ကတော့ အိပ်မောကျရင်း ကျန်ခဲ့လေရဲ့..။

****

ထို့နောက် mart လေးတစ်ခုသို့ ရောက်လာပြီး ယွန်းဂီသည် mask တပ်ကာ ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထား၍ အိမ်၌လိုအပ်သည်များကို စိတ်တိုင်းကျဝယ်နေသည်။

ထယ်ယောင်းကတော့ အိမ်ကထွက်လာကတည်းက လည်ပင်း၌ဆွဲလာသည့် ကင်မရာလေးဖြင့် တွန်းလှည်းလေးတစ်ခုအားတွန်းကာ ယွန်းဂီနောက်သို့ တစ်ကောက်ကောက်လျှောက်လိုက်နေသည်။

ထိုကင်မရာလေးဖြင့် တစ်ဖျပ်ဖျပ်ရိုက်လိုက်၊ ပြန်ကြည့်ပြီး ပြုံးနေလိုက်ဖြင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသော ထယ်ယောင်းရယ်ပါလေ။

.
.
.
"ကင်မ်ထယ်ယောင်း.. မင်း လာမှာလား..
အဲ့ကင်မရာပဲ ကြည့်နေတော့မှာလား..?"

ဝယ်စရာများပြီး၍ ကောင်တာတွင် ငွေရှင်းပြီးတာတောင် ထယ်ယောင်းမှာ ပြုံးစိစိဖြင့် ထိုကင်မရာကို ကြည့်နေတုန်းမို့ ယွန်းဂီ သိပ်အမြင်မကြည်ချင်တော့။

"အိုး.. sorry ယွန်းဂီ.. ငါမေ့သွားတယ်.."

ထို့နောက် ထယ်ယောင်းသည် သူဘယ်တုန်းက ယူထားမှန်းမသိသည့် ခေါက်ဆွဲဘူးနှစ်ဘူးအား ငွေရှင်းပြီးနောက်..

Come Back (Complete)Where stories live. Discover now