CHAPTER - 22 [Unicode]

Começar do início
                                    

အဝတ်ကင်းစင်သွားသည့်ခန္ဓာကိုယ်က
အဆီအပိုမရှိကျစ်လစ်နေပြီး သူနှင့်ယှဉ်လျှင် နည်းနည်းတော့သေးပေမယ့် ယောက်ျားလေးတစ်ယောက်အတွက်ဆိုလျှင်တော့ သင့်တင့်မျှတသည့်ခန္ဓာကိုယ်ပင်။

"ကျေးဇူးတင်ပါတယ်"

"အဲ့တာတွေမပြောစမ်းနဲ့။မျက်နှာကဘယ်လိုနေသေးလဲ။ပြကြည့်ကိုယ့်ကို"

‌ငုံ့နေသည့်ခေါင်းကိုမေးစေ့မှကိုင်ကာမော့စေလိုက်တော့ ခပ်ချောချောမျက်နှာလေးက ယောင်ကိုင်းနေ၏။
မသက်မသာစွာကြည့်မိရင်း သက်ပြင်းချလိုက်မိတော့ ကောင်လေးကသူ့ကိုကြည့်လာသည်။

အနီးကပ်မြင်နေရသည့် မျက်တောင်ရှည်ရှည်တွေက လှုပ်ခတ်နေကြပြီး ပြန်ကြည့်နေသည့်ကောင်လေး၏ မျက်ဝန်းတွေက သူ့ကိုငေးမောစေခဲ့သည်။

"Lord"

"ဟင်"

"ဆေးဘူး"

"အင်...အင်း ရတယ်ကိုယ့်ကိုပေး"

အဖုံးဖွင့်လိုက်တာနှင့် ဆေးနံ့ကခပ်သင်းသင်းထွက်လာ၏။
မျက်နှာကို လက်တစ်ဖက်နှင့်အသာအယာမေ့စေကာ ချောမွေ့လှသည့်ပါးပြင်ထက်က ဒဏ်ရာကိုလိမ်းပေးလိုက်သည်။

"နှုတ်ခမ်းလည်းကွဲသွားတာပါလား"

သွေးစအနည်းငယ်ခြောက်နေသည့်နှုတ်ခမ်းကိုကြည့်မိတော့ ပါးပြင်ထက်ကလက်တို့က တဖြည်းဖြည်းနှုတ်ခမ်းဆီကိုရောက်သွားပြီး ကွဲနေရာမှတစ်ဆင့် နှုတ်ခမ်းတစ်လျှောက်လက်ဖြင့်ပွတ်သပ်လိုက်မိ၏။

Frederick လည်စေ့လှုပ်ရှားသွားရသည်။

လှ၏။အနီရောင်သန်းချင်နေသည့်နှုတ်ခမ်းဖူးဖူးက ယောက်ျားဆန်သည့် မျက်နှာထက်မှာ လှပစွာတည်ရှိနေ၏။
သေချာကြည့်ပါမှမြင်ရသည့် မှဲ့နက်နက်လေးကလည်း ဒီနှုတ်ခမ်းနှင့်လိုက်ဖက်လှစွာတည်ရှိနေပြန်သည်။

သွေးစတွေကပ်နေသည့်တိုင် လှပနေသည့်နှုတ်ခမ်းကို သူလွှတ်ဖို့မတွေးမိ။
မျက်ဝန်းတွေကသူ့ကိုငေးကြည့်နေတာကိုသိသလို သူကိုယ်တိုင်ကလည်း နှုတ်ခမ်းထက်ကနေအကြည့်မလွှဲနိုင်သေး။

တိတ်ဆိတ်နေသည့်ကားထဲကအခြေအနေ၊အပြန်အလှန်ကြည့်နေမိသည့် အကြည့်များနှင့် မြင်နေရသည့်နှုတ်ခမ်းက Frederickကိုတစ်ခုခုပြုလုပ်မိစေဖို့ တွန်းအားပေးနေ၏။

LORD OF ALL {Ongoing}Onde histórias criam vida. Descubra agora