မျက်လုံးထဲမြင်‌အောင် ဖော်ညွှန်းပြရမည်ဆိုပါက ဤခံစားချက်မှာ အချိန််တန်ကြာ တင်းနေအောင်ဆွဲထားခဲ့သော ကြိုးတစ်ချောင်းက နောက်ဆုံးတွင် မခံနိုင်တော့ပဲ ပြတ်ထွက်သွားသည်နှင့်တူသည်။

သေခြင်းတရားကို ရင်ဆိုင်ရသောလူများက အလိုလိုသိလာတတ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပဲ နောက်ဆုံးတွင် အေးစက်တောင့်တင်းလာသော်လည်း အသိစိတ်က အချိန်တိုတစ်ခုစာအထိ ကျန်ရှိနေတတ်သေးသည်။

အသိစိတ်မလွတ်သွားမိ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ကိုဟွိုက်က ကိစ္စပေါင်းများစွာကို တွေးမိသွားရသည်။

သူ သေတမ်းစာတစ်စောင် ကြိုရေးထားခဲ့သည်က ကံကောင်းသွားသည်ဟု ပထမဆုံးတွေးမိလိုက်သည်။ သူ သေဆုံးသွားခဲ့ပါက သူရရှိ‌ထားသော ငွေအားလုံးကို သူလာခဲ့သော မိဘမဲ့ကလေးဂေဟာကို လှူဒါန်းလိုက်မည်ဖြစ်သည်။

ထို့နောက် ယနေ့ ဝေ့ပေါ်တွင် နာမည်ကြီးသွားမည့်အရာတစ်ခုကို တွေးမိသွားခဲ့သည်။ အကယ်၍ ဒါရိုက်တာက သူ ဇာတ်ညွှန်းလာပေးမည်ကို မစောင့်နိုင်တော့၍ သူကိုယ်တိုင်ဇာတ်ညွှန်းလာယူမည်ဆိုပါက ယနေ့ hot searchတွင် 'ပါရမီရှင် ဇာတ်ညွှန်းရေးဆရာXXက အိမ်တွင် ရုတ်တရက် သေဆုံးသွားခြင်း' ဖြစ်လာလိမ့်မည်။

နောက်ဆုံးတွင် ကုဟွိုက်က သူ့ကိုယ်သူ နှိမ့်ချလိုက်သည်။
ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ခေါ်တာ နည်းနည်း အရှက်မဲ့နေသလိုပဲ... ထားလိုက်ပါတော့ သေတာက သေသွားပြီပဲ...

ကုဟွိုက်၏အသိစိတ်က ဤနေရာတွင် လုံးဝပျောက်ကွယ်သွားသည်။ သူ နိုးမထလာနိုင်တော့ဟု ထင်လိုက်ချိန်တွင် သူ့မျက်လုံးများက ပိတ်ရာမှ ပြန်ပွင့်သွားသည်ကို တွေ့လိုက်ရသည်။

သို့ရာတွင် အသက်ပြန်ရှင်လာသည်ကို ဝမ်းသာနေရမည့်အစား သူ၏အလိုလိုသိစိတ်ကြောင့် ကုဟွိုက်ကို ဤအခြေအနေ ပုံမှန်မဟုတ်ကြောင်း သတိပြုမိသွား
သည်။

သူ ကျိန်းသေပေါက် မျက်လုံးပြန်ဖွင့်လိုက်သော်လည်း သူ၏ အမြင်အာရုံက အမှောင်ကျနေဆဲဖြစ်သည်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now