“မလှုပ်နဲ့အုံး...မင်းလက်ပေါ်မှာ အပ်စိုက်ထားတုန်းပဲ”

နဉ်ရှီမလှုပ်လိုက်ပေ။ သူမခေါင်းကိုလှည့်လိုက်တော့ ချန်းရှီကွေ့၏ မျက်နှာကို‌ တွေ့လိုက်ရ၏။ 

“ရှီကွေ့?” သူမမျက်တောင်ခတ်လိုက်မိသည်။ ခဏအကြာတွင်မှ သူမခုနက ရိုက်ကွင်းမှာရှိနေဆဲဆိုတာကို သတိရသွား၏။ “ကျွန်မဘာလို့ဆေးရုံရောက်နေတာလဲ?”

ချန်းရှီကွေ့က ကုတင်ဘေးရှိ ခလုတ်ကိုနှိပ်လိုက်ပြီး လက်ဆန့်ကာ သူမ၏နဖူးကို စမ်းကြည့်သည်။ သူမအဖျားကျသွားတာကို အတည်ပြုပြီးနောက် ချန်းရှီကွေ့က ကိုယ်ကိုကိုင်းလို့ သူမနဖူးကိုနမ်းလိုက်သည်။

“မင်းမနေ့က မူးလဲသွားတယ်လေ”

နဉ်ရှီထထိုင်ချင်ပေမယ့် သူမတစ်ကိုယ်လုံးကိုက်ခဲနေတာကို သတိထားမိလိုက်သည်။

“ဘာဖြစ်လို့လဲ?” ချန်းရှီကွေ့က သူမ လှုပ်လှုပ်ရွရွဖြစ်နေတာကို သတိထားမိလိုက်သဖြင့် သူမ ထိုင်လို့ရအောင် ကူပေးလိုက်ကာ သက်သောင့်သက်သာ အနားယူလို့ရစေရန် အနောက်ကနေ ခေါင်းအုံးတစ်လုံး ခံထားပေးလိုက်သည်။

နဉ်ရှီက သန့်စင်ခန်းသွားသည့်နေရာကို ရှက်ကိုးရှက်ကန်းနှင့် ညွှန်ပြလိုက်သည်။ သူမ သန့်စင်ခန်းသုံးဖို့ တကယ်လိုနေလို့ပါနော်။

ချန်းရှီကွေ့က နဉ်ရှီ၏ ရှက်ရွံ့နေသည့်အကြည့်ကြောင့် တသောသော ရယ်မိတော့သည်။ သူက သူမအိပ်ရာပေါ်မှထနိုင်အောင်ကူပေးလိုက်ပြီး drip ပုလင်းကိုဖြုတ်လိုက်ကာ သူမအား သန့်စင်ခန်းသွားစေ၏။ ချန်းရှီကွေ့က Dripပုလင်းကို သန့်စင်ခန်းမှာချိတ်ထားလိုက်ပြီးနောက် ပြော၏။ “ကိုယ်အပြင်မှာစောင့်နေမယ်”

ရှင်အပြင်မှာပဲရှိနေမယ်ဆိုပေမယ့် ကျွန်မအတွက်တော့ ကသိကအောက်နိုင်နေတုန်းပဲ။

နဉ်ရှီက နှုတ်ခမ်းကိုက်လိုက်သည်။ သို့သော် ချန်းရှီကွေ့၏ စိုးရိမ်နေသော အမူအရာကိုမြင်တော့ သူ့ဆန္ဒကို လိုက်လျောပေးလိုက်တော့၏။

ရှက်ကိုးရှက်ကန်းဖြစ်နေတာကို ခေါက်ထားလိုက်ကြတာပေါ့။ အနည်းဆုံး‌တော့ သူမ သီးသန့်toiletတစ်ခုပါသည့် VIPအဆောင်မှာ ရှိနေတာကို ကျေးဇူးတင်ရမည်။ အများသုံးသန့်စင်ခန်းသာ ဖြစ်မည်ဆိုလျှင် ပိုတောင်ဆိုးနေရော့မည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းOù les histoires vivent. Découvrez maintenant