" ကျွန်တော် လာပါပြီခင်ဗျား...လွမ်းနေတာလား..."

"ချီးဘဲ...ဟျောင့်..."

ထယ်ယောင်းနဲ့ ဂျီမင်းစကားပြောနေရင်း ဝင်လာသောသူကကလီပလာစကားတွေ လာပြောနေသောကြောင့် ထယ်ယောင်းဆဲလိုက်မိလေသည်။

"haha... ငါနောက်ကျလို့ စိတ်ဆိုးနေတာလား..."

"ဖြစ်စရာလား..."

" သားတို့အဆင်သင့်ဖြစ်ရင် ထွက်ခဲ့ကြတော့နော် ဧည့်သည့်တွေကို ဧည့်ခံရမယ်လေ..."

သူတို့အား လာခေါ်သော Mr jeonကြောင့် နှစ်ယောက်သား ထွက်လာလိုက်လေသည်။

"ငါ့လက်​မောင်းကိုချိတ်ထားလေ...လူမြင်ကောင်းအောင်လို့..."

"မင်းလက်မောင်းကို ဘာလို့ချိတ်ရမှာ...အားမနေဘူး..."

"ငါရန်မဖြစ်ချင်ဘူးနော် ချိတ်ဆိုချိတ်လိုက် မင်းအဖေကို မျက်နှာပျက်အောင် လုပ်မလို့လား..."

ဂျောင်ဂုပြောတာလဲ မှန်သလောက် ရှိသည်မို့ ထယ်ယောင်းလဲ ဂျောင်ဂုလက်မောင်းအား ချိတ်ကာ ဧည့်သည့်တွေကို လိုက်နှုတ်ဆက်လေသည်။

လိုက်နှုတ်ဆက်ရင်း ထောင့်ဆုံးဝိုင်းမှာ ေတွ့လိုက်ရသော မျက်နှာကြောင့် ထယ်ယောင်း ဂျောင်ဂုလက်မောင်းကို ကိုင်ထားသော လက်များပင် လွှတ်မိသွားလေသည်။

သူမ...မီယောင်း သူမပန်းရောင်ဂါဝန်အနုလေးဝတ်ထားကာ သူ့အားပြုံးပြနေလေသည်။

သူမ အပြုံးကအရင်ကလိုပင် ချို​နေတုန်း...။

ဂျောင်ဂုလဲ ထိုကောင်မလေးကို မြင်တာနဲ့ သူလက်ကို ဖြုတ်ချသွားတဲ့ ထယ်ယောင်းကြောင့်...။

"ကိုယ့်အသဲလေးကလဲ ကိုယ့်လက်ကို သေချာမကိုင်ထားဘူးကြည့်စမ်း..."

မီယောင်းကို ကြည့်နေမိရင် ဂျောင်ဂုစီက ထွက်လာသော အသံကြောင့် ကြောင်အစွာပင် ထယ်ယောင်း ဂျောင်ဂုအား ကြည့်မိသွားလေသည်။

"ဟင် ဘာပြောလိုက်တယ်..."

"ကြည့်စမ်းပါဉီး ဘာတွေငေးနေလို့ ကိုယ်ပြောတာကို မကြားရတာလဲ...အသိတွေလား ကိုယ့်ကိုမိတ်ဆက်ပေးလေ..."

😈I like feisty ones😈(Completed )Where stories live. Discover now