*တောက်*!
အတွေးတွေနဲ့သူ ကိုယ့်စာရေးခုံအား ခေါက်လာတဲ့ လက်တစ်စုံ။ မော့ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ထိုကောင်မလေးက ပြုံးပြပြီး
"ဒီအရှေ့ခုံမှာ လူရှိလား"
ပြုံးပြီးမေးလာသည် ကိုခေါင်းခါပြလိုက်ပြီး ပုံမုန်တိုင်း မျက်နှာလွှဲလိုက်သည်။
ထိုကောင်မလေးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်ကို သူမ မျက်ထောက်စွန်းကနေပဲ ကြည့်လိုက်သည်။
စိတ်ထဲမှာတော့ အပြစ်ပြောစရာ မရှိဘူးပဲ ဟု တွေးလိုက်ပြီး ချက်ချင်းရှင်းထုတ်ပြစ်လိုက်သည်။"ကျောင်းသားသစ်လား? "
ထပ်မေးလာပြန်သော ထိုမိန်ကလေးကို သူမ ခေါင်းခါလိုက်သည်။
"ဒါဆို ကျောင်းသားဟောင်းလား?"
ဒီအရူး မိန်းကလေးကတော့ အသစ်မဟုတ်ရင် အဟောင်း အဟောင်းမဟုတ်ရင် အသစ်ပေါ့ ဒါကိုဘယ်လိုတောင်...ပါးစပ်ကပြောချင်ပေမဲ့ အနိုင်ကျင့်မှာလဲ စိုးသေးသည်။
သူမ မျက်ခုံးကျုတ်ရင်းခေါင်းငြိမ့်လိုက်သည်။
ထို ကောင်မလေး က သူ့ဘက်ကို ခုံကောလူပါ လှည့်ထိုင်လိုက်ပြီး
"ငါက ဇင်မေသူ
ငါ့ကို မသိတာရှိရင် ကူညီပေး
ငါ နေ့ခင်းကြရင် ကျောင်းပတ်ကြည့်ချင်တယ် အဲ့တာလိုက်ပေးပါ နင်ငါ့ကိုဘာမှပြောစရာရှိဘူးလား နာမည်မိတ်ဆက်တာတို့ ဘာတို့ "ထို မိန်းကလေး သည် ညင်သာမှုမရှိ။ စကားအပြောမဆိုက အစ အမိန့်ဆန်သည်။ ပထမကတော့ အပြစ်ပြောစရာမရှိဘူးလို့ တွေးလိုက်ပေမဲ့အခုပေါ်လာသည်။
ကြာရင်ထိုမိန်းကလေးကော သူ့ကိူအနိုင်ကျင့်မှာပါပဲလား?"ဟင့်အင်း"
သူမက ပြောလိုက်မိသည်။
"အင်းးးးနင် ပြောစရာရှိအောင် ငါက မေးပေးရမှာပေါ့"
ထို မိန်းကလေးကပြောသည်။
"နာမည်ဘယ်လိုခေါ်လဲ"
ထို အမေးကိုပြန်မဖြေဘဲ သူမ ထထွက်သွားလိုက်သည်။
မထင်ထားသည်က ထို ကောင်မလေးက သူမ နောက်လိုက်လာသည်။
အပိုင်း ၁
Start from the beginning