ဝယ်သူတွေက စကားမပြော ပိုက်ဆံသာပစ်ပေးပြီး သူတို့ ရှယ်ယာကို ယူကာ ထွက်သွားကြသည်။ ဒါပေမဲ့ ရောင်းသူက ပြုံးကာ ဆက်တိုက်စကားပြောလို့နေသည်။ သေချာတော့ မကြားရပေမဲ့ သူချမ်းသာတော့မယ်လို့ ပြောနေပုံရသည်။။

သူမ ကြည့်နေတာမြင်တော့ ရှီရှန်းကျင်းက တိုးတိုးလေးကပ်ကာ “ဒီလူဒီကနေ ဘာပြဿနာမှမရှိဘဲ ထွက်သွားချင်တယ်ဆိုရင်တော့ သူတော်တော်ကံကောင်းမှဖြစ်မယ်”

နင်မုန့် အံဩသွားတော့သည်။ အကုန်ဒီလိုပဲရောင်းတယ်ထင်နေတာ သူမက။

ရှီရှန်းကျင်းက တည်ငြိမ်စွာ “လတိုင်း သရဲဈေးထဲကို လမ်းလွဲပြီးရောက်လာတဲ့သာမန်လူတွေရှိတယ် သန်မာတဲ့လူတွေလောက်ပဲဖြတ်သွားနိုင်ပြီးတော့ တချို့ကျ အသက်ကို ပြန်ယူမသွားနိုင်ခဲ့ကြဘူး”

တကယ်တမ်း သူတို့ကို သတိပေးလည်း အသုံးမဝင်။

သရဲဈေးထဲ ပျောက်သွားတဲ့လူဆိုတာလည်း တစ်ယောက် နှစ်ယောက်မကဘူးလေ ပြီးတော့ သူလည်း အရင်က အဲလိုတွေအများကြီးမြင်ဖူးနေကျ။ အဆုံးကျ သရဲတွေကသာ သူတို့ကို ပိုင်သွားပြီး သူတို့ကတော့ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေဖြစ်ကုန်ကြတာပင်။

ရှီချီက သူတို့ကြားမှပဲ တစ်ချိန်လုံးလျှောက်နေကာ ဘာမှမပြောပုံရသည်။ ဒါပေမဲ့ နားထောင်နေရင်း သူ့မျက်လုံးတွေက လမ်းနှစ်ဖက်လုံးကက ဆိုင်တွေကို ကြည့်နေတာပင်။

သူ တချို့အရာတွေကိုမြင်နိုင်ပေမဲ့ တချို့ကတော့ ဝါးနေဆဲ။

လက်ရှိအခြေအနေက သူ့အားလုံး သေချာမြင်ရတဲ့ထိ စောင့်ခိုင်းနေပုံရသည်။။

တော်တော်ကြာလျှောက်ပြီး လမ်းဆုံးထိ ဘာမှမမြင်ရတော့ နင်မုန့် မနေနိုင်ဘဲ ပြောလိုက်၏။ “မင်းပြောတဲ့ဟာက ဘယ်မှာလဲ”

ရှီရှန်းကျင်းက ရှေ့ကိုညွှန်ပြကာ “အဲက ထောင့်မှာ ကျွန်တော်ရထားတဲ့သတင်းအရဆို အဲဒါလာဖို့ များတယ် မဟုတ်ရင် ဒီကိုလာတာ အလကားဖြစ်သွားလိမ့်မယ်”

ရှီချီမျက်နှာလေးက သူ အဲလိုပြောတာကြားတော့ စိတ်ပျက်သလို ဖြစ်သွားတော့သည်။ ဒါပေမဲ့ အမှောင်ထဲမှာမို့ နှစ်ယောက်လုံး သတိမပြုမိလိုက်ကြပေ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now