အဆုံးအစမရှိတဲ့ကောင်းကင်ကြီးရဲ့အောက်၊ကမ္ဘာမြေကြီးပေါ်သဘာဝအလင်းဓာတ်ပေးနေတဲ့အလင်းတို့ရဲ့မူပိုင်ရှင်နေလုံးကြီးရဲ့အောက်ကDaliaပန်းခင်းကြီးအလယ်မှာမိန်းကလေးနှစ်ဦးကြည်ကြည်နူးနူးနဲ့ထိုင်ကာစကားပြောနေခဲ့ကြသည်။
"မမ မမကဘာလို့Daliaကိုမှကြိုက်ရတာလည်းဟင်"
"Daliaရဲ့အဓိပ္ပာယ်ကိုကျွန်းသိလား"
"ဟင့်အင်း ကျွန်းကနှင်းဆီ၊ကံ့ကော်၊နေကြာအဲ့လောက်ဘဲသိတာကို ကျွန်းကကျွန်းကြိုက်တဲ့ပန်းလောက်ဘဲမှတ်တာမမလည်းသိသားနဲ့"
"ဟုတ်ပါပြီအစွာမလေးရယ် မမပြောပြပါမယ်"
"Daliaပန်းဆိုတာ မကြာခင်မှာဆုံတွေ့ကြရအောင်တဲ့"
"ဟွန်.....ဒါဆိုမမကတစ်ယောက်ယောက်ကိုစောင့်နေတာလား"
"တစ်ယောက်ယောက်ဆိုတာထက်သူ့ရဲ့စိတ်တွေမမဆီမှာဘဲရှိလာမဲ့တစ်နေ့ကိုစောင့်နေခဲ့တာ"
"ဘယ်လိုကြီးလည်း ကျွန်းတော့နားမလည်"
"ကျွန်းငယ်တစ်နေ့သိလာမှာပါ"
"မမ မမလက်တွေဘာလို့မှိန်လာတာလည်း ဟာ ဘာလို့မမတဖြည်းဖြည်းနဲ့မှိန်လာတာလည်း မမ မမ "
"ကျွန်းငယ်သေချာနားထောင်နော်မမ ကျွန်းငယ်ကိုတကယ်စိတ်ရင်းနဲ့ချစ်ခဲ့တာပါ"
"မမ မမ ထားမသွားပါနဲ့ မမ"
ဒေါ်မြကျွန်းညိုတစ်ယောက်မြအဉ္ဇလီစံအိမ်၊သူမနှင့်ဦးမင်းထင်တို့အခန်းထဲမှာချွေးတွေ၊မျက်ရည်တွေနဲ့အတူမနက်ခင်းတစ်ခုကိုအော်ဟစ်နိုးထလာခဲ့ရသည်။
မြခွန်းချို-"မေမေ မေမေ ဘာဖြစ်တာလည်း မေမေ"
ဒေါ်မြကျွန်းညို-"သမီး........."
မြခွန်းချို-"မေမေ မငိုနဲ့လေ မငိုဘဲပြောပါ ဘာဖြစ်တာလည်း"
ဒေါ်မြကျွန်းညို-"........"
မြခွန်းချို-"မေမေ ဟိုအိမ်မက်ဘဲထပ်မက်ပြန်တာလား"
ဒေါ်မြကျွန်းညိုမှာဘာစကားမှမပြောနိုင်ဘဲငိုရင်းနဲ့သာခေါင်းငြိမ့်ပြနိုင်ရဲ့။
မြခွန်းချို-"မေမေရယ်အိမ်မက်ဘဲဟာ တစ်ခါနှစ်ခါမက်တာလည်းမဟုတ်ဘူး တစ်လမှာဆယ်ရက်လောက်မက်နေတာဘဲဟာ မငိုနဲ့နော်တကယ်မဟုတ်ပါဘူးမေမေရယ်နော်"