Strawberry & Cigarette

404 31 6
                                        

ပုဇွန်ဆီရောင်နေမင်းကြီးကိုကြည့်ပြီးဝရံတာပေါ်မှာ cigarette သောက်၍ အတွေးနယ်ချဲ့နေသောလူတစ်ယောက်

တိုက်ခတ်သွားတဲ့လေပြေအေးလေးတွေနဲ့အတူ ယိမ်းနွှဲ့သွားသောဆံသားများ၊ စူးရှသောမျက်ဝန်းတစ်စုံ၊ ဖြောင့်စင်းသောနှာတံ၊တောင်တင်းသောခန္ဒာကိုယ် အားလုံးကိုခြုံ ကြည့်ရင်ထိုလူသည် အလွန်ကိုချောသည်ဟုမှတ်ချက်ချနိုင်သည်

" လူကြီး "

ညထိုလူနောက်မှ ထွက်လာသောအသံသေးသေးလေးတစ်ခုနဲ့ ကောင်းကင်မှာရှိတဲ့ ကြယ်စုတွေကမျက်ဝန်းထဲရှိနေသလို လင်းလက်နေသောမျက်ဝန်းတစ်စုံနဲ့ ကောင်လေးတစ်ယောက်။ ခေါ်နေပင်မဲ့ လှည့်မကြည့်လာပေ ဘယ်လောက်တောင်အတွေးနယ်ချဲ့နေလဲမသိ။ ထို့ကြောင့်အနား သွားကာလက်မောင်းကိုအသာတို့ထိ၍ တဖန်ထပ်ခေါ်လိုက်မှသာလှည့်ကြည့်လာသည်။

" လူကြီးလို့ "

" ဟမ်...ဘယ်တုန်းကရောက်နေတာလဲကလေး"

" ကျွန်တော်ခေါ်နေတာကြာပြီ လူကြီးကမှမကြားတာကို ဟွန့်..."

နှာလေးမှုတ်၍ ပြောလိုက်သည်မှာ ချစ်စရာအတိ

" အာ.. sorry ကိုယ်မကြားလိုက်လို့..မပြောစရာရှိလို့လား ကလေး"

" ဒီလောက်ခေါ်နေတာတောင်မကြားရအောင် ဘယ်ကောင်မလေးအကြောင်းတွေးနေလဲမှမသိတာ"

" ဟဟ...ဘယ်ကောင်မလေးအကြောင်းမှမတွေးရပါဘူးဗျာ ..ကလေးကသဝန်တိုလို့လား"

" မ..မဟုတ်ပါဘူး "

" တကယ်မတိုဘူးပေါ့ "

" မ..မတိုပါဘူးဆိုနေ...ဘယ်လိုဖြစ်နေတာလဲဗျာ"

" ဟဟ..ချစ်စရာလေး "

ရဲတက်လာတဲ့ပါးမို့မို့လေးတွေနဲ့ နားရွက်ဖျားလေးတွေ။ကျွန်တော့်နာမည်က jeon jungkook ပါ..အခုနော့ kim jungkook ပေါ့။ကျွန်တော်နဲ့ လူကြီးလက်ထပ်ထားတာ 1 လကျော်ပြီ။လူကြီးနဲ့က အသက်7 နှစ်လောက်ကွာတယ်။ မိဘပေး စားလို့ယူခဲ့တကယ်ဆိုပေမယ့် ကျွန်တော်ကတော့လူကြီးကိုစတွေ့ထဲကချစ်ခဲ့ရတာ။ လူကြီးကတော့ ကျွန်တော်ချစ်နေတာကိုတောင်သိမှာမဟုတ်ဘူး။ တနေ့ကျရင်တော့ ကျွန်တော့်အချစ်တွေကိုလူကြီးသိအောင်ဖွင့်ပြောမယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အိမ်ထောင်းရေးကအဆင်ပြေလို့ဝမ်းသာပါတယ်။ ယူထားကြတယ်ဆိုပေမယ့် ပွေ့ဖက်နမ်းရှုံ့တာလောက်ပဲ လုပ်တယ်။အလွန်းဆုံးနမ်းတာတောင် လူကြီးက နှဖူးကိုပဲနမ်းတယ်။ ကျွန်တော်အဆင်သင့်မဖြစ်သေးတာကြောင့်ပေါ့။ ဒါမဲ့လူကြီးကနားလည်ပေးလို့အဆင်ပေပါတယ်။ တခါတလေအားတော့နာမိတယ်။ ငယ်ငယ်ထဲက တစ်ယောက်ထဲနေတာများတော့ skin ship တာတွေကို စိမ်းသက်နေမိတယ်။

You've reached the end of published parts.

⏰ Last updated: Jun 15, 2023 ⏰

Add this story to your Library to get notified about new parts!

Taekook (short stores) Stories to obsess over. Discover now