"ကဲ မိုးအိမ့် အခုဘယ်သူက xာဆန်တာလဲရှင်းပြီလား ဖြုံရောဖြုံပြီလား မကျေနပ်တာရှိရင်ခုတိုက်ရိုက်ပြော"
"ရွှေမှုန်းခြယ် နင် နင်!!!"
"စကားထစ်နေတာလား ဘာလဲ"
"နင့်ကိုကျောင်းထွက်ရအောင်လုပ်ပြမယ်"
"ကျောင်းထွက်ခိုင်းရအောင် ကျောင်းအုပ်နဲ့နင်ကဘာလဲ ကျောင်းအုပ်သားနဲ့ရောဘာလဲ အော် ငါမေ့နေတာ မနေ့ကကျောင်းအုပ်သားဆီကအငြင်းခံရတာဘယ်သူပါလိမ့် ဟားဟား"
လူတော်တော်များများထရယ်ကာ မိုးအိမ့်ပိုရှက်သွားတော့သည်
"နင်တို့နှစ်ယောက်ကငါ့ဘက်ကူပြောပေးမယ်မရှိအတောင့်လိုက်ရပ်နေကြ ငါမကျေဘူး ရွှေမှုန်းခြယ်" ကန်တင်းမှထွက်သွားတော့သည် သူထွက်သွားတော့သူ့သူငယ်ချင်းနှစ်ယောက်လဲနောက်ကလိုက်သွားသည် ပွဲပီးပီဆိုတော့ အကုန်လုံးလဲပုံမှန်အတိုင်းလုပ်စရာရှိတာလုပ်သွားစရာရှိတာသွားကြသည် ခန့်လဲခြယ့်ထက်အရင်အခန်းထဲဦးအောင်အရင်ပြန်ကာအခန်းဝမှာစောင့်နေလေသည်
ဇက်တို့အုပ်စုလဲပြန်သွားသည် ဒါတောင်သူရတို့ ​ဝင်းမြတ်တို့အတင်းဆွဲနေလို့ပြန်သွားတာ မဟုတ်ရင်သူ့ခြယ်နောက်ကလိုက်သွားမလို့
ခြယ်လဲစိတ်ထဲပေါ့သွားတယ်ထင်၏ ဝတ်ရည် အလွှာတို့နဲ့အခန်းထဲပြန်သွားသည်
အခန်းဝရောက်တော့ ဆရာမကထိုင်ခုံတစ်လုံးနဲ့ထိုင်စောင့်နေသည်
ခြယ်မြင်တော့ "ဟင် ဆရာမစာမသင်ရဘူးလား ဒိီနေ့"
"မိခြယ် အခန်းထဲမှာလူမှမရှိတာငါကဘယ်သရဲကိုသွားသင်ရမှာလဲ ပြော တကယ်ပါပဲ"
"ဟဲဟဲ သင်ပါရှင့်သင်ပါ"
အန်းထဲရောက်တော့မှခန့်ကိုတွေ့လေသည် ပြုံးပြီးတ​ကေ်နဲ့တယောက်နှုတ်ဆက်လိုက်ကာ "ဘယ်ချိန်တည်းကရောက်နေတာလဲ ခန့်"
"နင်မရောက်ခင်ကတည်းက"
"အော် အင်း အဲ့တာဆိုနင်ပွဲကြည့်သွားတယ်ပေါ့"
"ဒါပေါ့ ခြယ်ရဲ့ အဟင်းး"
သူတို့စကားပြောနေတာကိုတချို့မိန်းကလေးတွေကကြာ့်ပီးမနာလိုဖြစ်နေကြသည်

နောက်နေ့ရောက်တော့မိုးအိမ့်တို့သုံးယောက်လုံးကျောင်းထွက်သွားကြောင်းသိရသည် အကုန်လုံးလဲအံ့သြကာ တီးတိုးပြောနေကြသည် ဟုတ်ပါသည် ဝတ်ရည် igဖွင့်ကြည့်လိုက်တာ ဘယ်သူ့အကောင့်ကလဲမသိ မိုးအိမ့်ရဲ့အရှက်ကွဲတဲ့ပုံတွေရိုက်တင်ထားတာ ပြုံးမိသွားကာခြယ့်ကိုပြလိုက်သည် ခြယ့်မျက်နှာမှာအပြုံးပန်းတွေဝေဝေဆာနေသည်
သို့သော် ချက်ချင်းမဲ့သွားကာ
"ဟဲ့ အလွှာမမလာသေးပါလား ဟမ်"
"မသိဘူးဟ ဖုန်းခေါ်ကြည့်လိုက်မယ်"
"ခေါ်လိုက် ငါဘေကုန်မှာစိုးလို့ ဟဲဟဲ"
"မိကပ်စေးကုပ် ခေါ်နေပြီ"
"အဟီး ချစ်စရာဝတ်ရည်လေး"
တခါခေါ်မကိုင် နှစ်ခါခေါ်မကိုင်နဲ့ စိတ်ပူလာရသည်
ပြီးတော့ messageကနေစာလှမ်းပို့သည်
"ငါ့အိမ်ကရီးစားထားတာတွေအကုန်သိသွားလို့ငါ့ကို ကနေဒါပို့လိုက်ပြီ အချစ်တို့ရေ😭"
"မနှုတ်ဆက်ရလို့တောင်းပန်ပါတယ် ခုတောင်ဖုန်းမနည်းတောင်းထားရတာ တာ့တာ အချစ်တို့ ငါကျောင်းပြီးရင်ပြန်တွေ့ရမယ်ထင်တာပဲ "
"bye"
ခြယ်နဲ့ဝတ်ရည်တယောက်မျက်မှာတယောက်ကြည့်မိကာငိုကြသည် ခန့်လဲသူတို့အနားလာပြီး ခြယ့်ကျောပြင်လေးကိုညင်သာစွာပုတ်ပေးသည်
ထိုမြင်ကွင်းကိုကြည့်နေသူက ဇက် သူနိူင်ဇက်
'အက်ကောင်ကကျောင်းပြောင်းလာတာလား သူတို့ကဘာတွေလဲကွာ ချီး"
ဇက်တယောက်ဒေါသထွက်ပြီး jဝင်ကာ ရုံးခန်းထဲသွားလေသည်

spelling မစစ်မိလို့မှားရင်ဆောတီးပါခ
suprise တိုက်လိုက်တာ အဟီး"

School love property <3Where stories live. Discover now