အပိုင်း(၂)

515 83 2
                                    

Unicode

ည(၈) နာရီခန့် ရှိပြီ ဖြစ်၍
ဘတ်ဟျွန်းက တီဗွီအစီအစဉ် တစ်ခုကို ထိုင်ကြည့်‌နေပြီး ချန်းယောလ်ကတော့ ဘတ်ဟျွန်းအနား ကပ်ထိုင်ကာ ဖုန်းသုံးလျက် ရှိနေတယ်။

" ဘတ်ဟျွန်း
ဒီဟာကြည့်ကြည့် Functionတွေ မိုက်တယ် "

ချန်းယောလ်က ဖုန်း‌ထိုးပြတဲ့အခါ ဘတ်ဟျွန်းက ချက်ချင်းကို ငုံ့ကြည့်လိုက်ပြီး ဒါက
ဘာမှ ထွေထွေ‌ထူးထူးမဟုတ်ပါပေ။
Language Learning Application လေးတစ်ခုပဲ။

"အင်း.. Colour အရောအစပ်လှတယ်
ဒီButton ကို ဒီဘက်ထားရင် ပိုလှမယ် "

ဘတ်ဟျွန်းက သူဖြစ်ချင်ရာကို လက်ညှိုးထိုးပြီး ပြလိုက်ပြီး
" ဘယ်သူရေးထားတာလဲ "

" ကျောင်းက ဂျူနီယာတစ်ယောက်လေ ၊
ဒုတိယနှစ်တဲ့ ၊
အချိန်ပိုင်းဝန်ထမ်း လျှောက်ရင်း
သူရေးထားတဲ့ Application sample ပြလာတာ "

" အော....ဒုတိယနှစ်နဲ့ ဒီလောက် တတ်နေပြိဆိုရင် ခေါ်လိုက်တော့လေ ၊
ငါတို့ အကူအညီ အများကြီးရနိုင်တယ် "

ချန်းယောလ်က ဘတ်ဟျွန်းပြောတာကို
တရေးတယူ နားထောင်ပြိး ခေါင်းညိမ့်ပြတယ်။
ဘတ်ဟျွန်းက သူ့အတွက် နေရာတကာ အရေးပါပြီး သူကိုယ်တိုင်လည်း အလေးပေးထားတဲ့ လူသားလေးဆိုလည်း မမှားပေ။

" ဘတ်ဟျွန်း "

" အင်း "
ဘတ်ဟျွန်းက တီဗွီဖန်သားပြင်ပေါ်ကနေ အကြည့်မလွှဲဘဲ ပြန်ဖြေတယ်။

" နှစ်သစ်ကူးပိတ်ရက်ကျရင်........
အော..ခဏနော် ဖုန်းကိုင်လိုက်ဦးမယ် "

ချန်းယောလ်က သူ့ကို စကားပြောဖို့ထက် ဖုန်းကိုင်ဖို့ပဲ ဦးစားပေးလိုက်တယ် ထင်ပါရဲ့။
Answer Call ကို နှိပ်ပြီး ဆိုဖာပေါ်က ထသွားတော့တာပဲ။

သူ့မှာလည်း ဖုန်းပြောရင်း ထထွက်သွားသူရဲ့ ကျောပြင်ကို ငေး‌ကြည့်ရုံအပြင် ဘာမှ မလုပ်နိုင်ခဲ့။

ခဏကြာတော့ ချန်းယောလ်က ဂျာကင်အင်္ကျီကို ဆွဲယူလို့ အိပ်ခန်းထဲကနေ ပြန်ထွက်လာပြီး
" ငါ အပြင်ခဏ သွားဦးမယ် "တဲ့လေ

ထုံးစံအတိုင်း ဘတ်ဟျွန်းက သူ့ကို အလျှော့ပေးပြီး အပြစ်မမြင်လောက်ဘူးလို့ သူထင်ခဲ့ပေမယ့် တပ်တပ်စင်အောင် လွဲတယ်။

Second Time (Short Story)Where stories live. Discover now