ခြယ်တယောက်သတိရသွားကာ
"ဟဲ့ဟဲ့ အက်တာငါမနက်ကပြောတဲ့မမလေ အရမ်းချောတာကို အက်ကင်းဆိုတဲ့ကောင်ကပလေးဂေးကြီး စိတ္ပ်က္စရာ"
"အင်းဟယ် မမသနားပါတယ်"
"ဟဲ့ ခြယ် အက္တာ second year က မမရတီလွှမ်းမလား သူကလဲရှုပ်တယ်တဲ့ အခုပြန်ခံရပြီထင်တယ်"
"အော် ငါမှတ်မိပြီ သူ့ကိုစာပေးတာကိုဖြဲပြီးအမှိုက်ပုံးထဲထည့်ပစ်တာဆို"
"အဲ့ဒီပလေးဂေးကြီးတော့ပြန်ခံရပါစေဆုတောင်းတယ်"
"ကဲပါ မိသာလိကာတို့ရယ် ပြီးပြီဆိုရင် အတန်းထဲပြန်မယ်"
"omm"
"ok pr"

ဇက် သူ့သူငယ်ချင်းတွေကိုသေချာအောင်မေးဖို့ဆုံးဖြတ်လိာက်သည်
"ဟျောင့် ဝင်းမြတ်နဲ့ သူရ"
"ဘာလဲကြာ"
"ပြောလေ သူတောင်းစား"
"ကောင်မလေးတယောက်ကိုချစ်မိနေရင်ဘယ်လိုဖြစ်လာမလဲ"
"ထူးဆန်းလှချည်လား ဘယ်လိုတွေမေးနေ"
"အေးကွာ ရူးနေသလားမသိဘူး"
"အကောင်းဖြေစမ်းကွာ ဖြေကြ"
"ဒီလိုကြာ မင်းကောင်မလေးတယောက်ကိုချစ်မိရင် သူ့ကိုမတွေ့မနေရဖြစ်လာလိမ့်မယ် သူ့အကြောင်းဂရုစိုက်ချင်လာမယ် ယောကျ်ားလေးတယောက်ယောက်နဲ့တွေ့ရင်လဲမင်းသူ့ကိုသဝန်တိုလိမ့်မယ်ကွာ ဒေါသထွက်မယ်ပေါ့ မင်းမကြိုက်တာတွေကိုလဲမသိစိတ်ထဲကနေမလုပ်စေချင်တာဖြစ်လိမ့်မယ်"
"အော် အဟင်း"
ဇက်သူ့သူငယ်ချင်းတွေပြောတာကိုကြားပြီး ပြုံးလိုက်မိသည် ဒါကောင်မလေးတယောက်အတွက်နဲ့နှစ်နှစ်ကာကာပြုံးမိခြင်းဖြစ််သည်
"ဟျောင့် ဘာတွေပြုံးနေတာ"
"နေမြင့်လေ အရူးရင့်လေဆိုတာဒါကိုပြောတာဖြစ်မယ်"
"ငါသွားစရာရှိတယ် နေခဲ့ကြ"
"ဟာ ဟျောင့်ဘယ်လဲ"
"လစ်ဟေ့ လစ် ငါတို့တော့မနိုင်တော့ဘူး"

ခြယ်ကအတန်းထဲကကောင်မလေးတစ်ယောက်နဲ့စကားများနေတာဖြစ်သည် ခြယ့်နေရာမှာ bubble tea ကိုမှောက်ချသွားတာ ခြယ်ကလဲမြင်တော့ပြော ဟိုတယောက်ကလဲဗြောင်ငြင်းတော့ ဘယ်သူမှဝင်ထိန်းမရဖြစ်တာပေါ့
ဇက်ထိုမြင်ကွင်းကိုမြင်ပြီးမျက်မှောင်ကြုတ်မိသည်
'ဟမ် ဘာဖြစ်နေတာလဲ'
ပြတင်းပေါက်နားကကောင်မလေးတယောက်ကိုမေးကြာ့်လိုက်တော့ ကောင်မလေးကသူ့ကိုအကြည့်မလွှဲဘဲ
အကြောင်းစုံပြန်ပြောပြတော့သည်
ဇက်အကြောင်းစုံသိသွားကာမဲ့ပြုံးပြုံးမိသည်
မိုးအိမ့်ဆိုတဲ့ကောင်မလေးကသူ့ကိုချစ်ခွင့်ပန်ထားတာဖြစ်သည် အက်တာကိုသူကမသိချင်ယောင်ဆောင်နေသည်
သူအခန်းထဲဝင်သွားကာ
"မိုးအိမ့် နင်မဟုတ်တာမပြောနဲ့ ငါအကုန်မြင်တယ် ပြန်သုတ်ပေးပြီးပြန်တောင်းပန်"
"ဆုတောင်းလေ ရွှေမှုန်းခြယ် နင်လိမ်ပြောနေတာကိုငါကဘာလုပ်ရမှာလဲ"

School love property <3Where stories live. Discover now