Part _ 2 ( Unicode )

Start from the beginning
                                    

Khun Nueng ရဲ့အမေးကို မဖြေခင် သူနဖူးပေါ်ဝဲကျလာတဲ့ဆံပင်တွေကို လက်နဲ့သပ်တင်လိုက်ပြီး ပိတ်ထားတဲ့တံခါးနားခပ်တိုးတိုးချဥ်းကပ်သွားပြီး အပြင်ဘက်ကိုနား
စွင့်ကာ....

" အခုကစပြီး အဖြေရှာရတော့မှာပေါ့ Khun Nueng...... ကျွန်တော့်အနားမှာပဲနေပါ.....မ​ကြောက်နဲ့...."

Khun Nueng က သူ့ကိုခပ်တည်တည်ကြည့်လာပြီး မျက်မှောင်တစ်ချက်ကုပ်ပြီးမှ မျက်လုံးလေးတွေမှေးသွားသည်အထိပြုံးကာ ခေါင်းတစ်ချက်ညိတ်ရင်းမေးငေါ့ပြလာ
တော့သည်။

Palm အခန်းအပြင်ဘက်ကိုနားစွင့်ပြီး အခန်းထဲကနေလွတ်မြောက်ဖို့ မျက်လုံးရှင်ရှင်နဲ့လျှောက်ကြည့်ကာ နည်းလမ်းရှာနေတော့သည်။ ရုတ်တရက်သူ့အကြည့်တွေက
အခန်းထောင့်နားရဲ့ အပေါ်ဘက်မှာ ခပ်ဟဟ
ပွင့်နေတဲ့ ခပ်သေးသေးလေဝင်ပေါက်တစ်ခု
ဆီရောက်သွားခဲ့သည်.......

" Khun  Nueng .......Khun Nueng ဒီကိုလာ....."

Palm တစ်ယောက် Khun Nueng ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ခပ်တင်းတင်းဖမ်းဆုပ်ကာ ထိုအပေါက်နားကိုတိုးကပ်သွားလိုက်ပြီး ဘေးဘီဝဲယာကိုကြည့်ကာ အသင့်ရှိနေသော  ဟောင်းကြီးတစ်လုံးကို မြင်လိုက်ပြီး Khun Nueng ကို လွတ်ရာနံရံဘေးမှာခဏရပ်နေစေလိုက်ပြီးပစ္စည်းတွေကိုနေရာချလိုက်သည်။

" Khun Nueng လာ.... ဒီပေါ်ကနေတက်.... "

" ဟမ်.....  ဒီပေါ်ကိုလား......"

Nueng အတော်မြင့်လွန်းသောလေဝင်ပေါက်
ကိုတစ်လှည့် Palm ကိုတစ်လှည့်ကြည့်ကာ အထိတ်တလန့် ထအော်လိုက်မိပြီးမှ ပါးစပ်ကိုလက်နဲ့အုပ်ကာ ခပ်တိုးတိုးအသံဖြင့်.....

" မင်း ငါ့ကိုဒီအပေါ်တက်ခိုင်းနေတာလား.....ဒီလောက်အမြင့်ကြီးကို....."

" ကျွန်တော် ထိန်းထားပါမယ်..... အမြန်တက်ပါ Khun Nueng.....အချိန်မရှိဘူး အခု..... "

စိုးရိမ်ပူပန်စွာကြည့်ရင်း အလောတကြီးပြောနေတဲ့ Palm ကြောင့် Nueng သက်ပြင်းတစ်ချက်ချလိုက်ကာ Palm ပခုံးကိုကိုင်ပြီး ပေပါပေါ်တက်ရပ်လိုက်သည်။

Nueng ပေပါပေါ်ရောက်သွားသည်နှင့် Palm ကပါ ပေပါကိုအသာအယာခုန်တက်ပြီးမတ်တပ်ရပ်လိုက်တာကြောင့် အလွန်နီးကပ်တဲ့အနေအထားမှာမို့ Nueng ထိတ်လန့်ကာနောက်ကိုဆုတ်မိမလိုဖြစ်အသွား......

H O N E Y Where stories live. Discover now