"ဒါတော့ ငါလည်း သိတာပေါ့...ဒါနဲ့ မင်း ကားဘီး လဲတတ်လား..."

"ဟမ်!...ကျွန်တော်...ဟီး....မလဲတတ်ဘူး....ခင်ဗျားလည်း မလဲတတ်ဘူးလို့ မပြောနဲ့နော်..."

သူ့မေးတော့ မလဲတတ်ဘူး ပြောပြီး ထယ်ယောင်း...ကျတော့ အငြင်းစကားတောင်..ပြောခွင့်မရှိ...တကယ့်အလည်လေး

"ဟ...ဟ....ငါလဲတတ်ပါတယ်ကွာ....ဒါပေမဲ့...ဘီးက...နှစ်ခုပေါက်တာ...ငါ့မှာ...တစ်ဘီးဘဲ အပိုပါတယ်...."

"ဟမ်!....အဲဆိုဘယ်လို...လုပ်ကြမလဲ...ခင်ဗျား လက်ကနာရီကို ပြ...အယ်!...ခုနှစ်နာရီ ရှိနေပြီ....ပတ်ဝန်းကျင် တစ်ခုလုံး...မဲမှောင်နေတာဘဲ..."

ထယ်ယောင်းလက်ကို ဆက်ခနဲ ဆွဲယူပြီး နာရီကြည့်ကာပြောလိုက်သူက အလိုမကျမှုကြောင့်...လက်ဆောင့်ချလိုက်၏။
သူ့လက်မဟုတ်တိုင်း လုပ်နေတော့တာ...ရှပ်ပြာလေးက....

"ခင်ဗျားကလေ....စီးပွားရေးလုပ်ပြီး...ဒါလေးတောင်...သေချာ မစီစဉ်နိုင်ဘူး...ဘာကြောင့် တစ်ဘီးဘဲ...ယူလာတာလဲ...နှစ်ခုလောက်ယူလာပါလား...အဟင့်...အခုတော့...လူသူမရှိတဲ့ အရပ်မှာ...အဟင့်...ကူကယ်ရာမဲ့...နေပြီ..."

"အီးးးးးအိုမား..ရေ....ဟင့်....ကင်မ်ထယ်ယောင်းကြီးကြောင့်....အဟင့်....မှောင်မှောင်ကြီးထဲမှာ....ခြင်ကိုက်ခံပြီး....နေရတော့မယ်...ဟင့်....အဲ့တာ ခင်ဗျားကြီးကြောင့်....ကင်မ်ထယ်ယောင်း...ရဲ့....ဟင့်....ဗိုက်ကလည်းဆာနေပြီ...နေ့လည်ဆာ စားပြီးတည်းက...ဘာမှ မစားရသေးတာ....ဟင့်.....အိုမားရေ....ဗိုက်ဆာလွန်းလို့ သေရတော့မယ်.....အီးးးးး"

ထယ်ယောင်းတကယ် စိတ်ရှုပ်...နေပေမဲ့...သူ့ရှေ့မှာ ကလေး...တစ်ယောက်လို...အော်ပြီး ပွစိထိုး နေတဲ့ သူကိုကြည့်ပြီး...ရယ်ရခက် စိတ်တိုရခက်....တကယ့်ဟာလေးပါ....ဂျွန်ဂျောင်ဂုရဲ့...ကလေးဆန်မှုက လက်လန်တယ်...

ကားဘီး...လုံလောက်တာ သူ့အပြစ်က လက်ခံပါတယ်...အခုတော့ သူဗိုက်ဆာတာပါ...ကင်မ်ထယ်ယောင်းရဲ့ မစေ့စပ်မှု ဖြစ်သွားပြီ...

ထယ်ယောင်း...ပြုံးစိစိနဲ့...မြေကြီးပေါ် ဖင်ထိုင်ချပြီး....ပွစိထိုး မန်းမှုတ်နေတဲ့ ဂျောင်ဂုကို နောက်ခိုင်းပြီး...ပတ်ဝန်းကျင်...ကို တစ်ချက် အကဲ ခတ်လိုက်သည်။

 Magic Of Love Where stories live. Discover now