One

1.1K 159 36
                                    

"အဖြူရောင်လေး ကြိုက်တာပါဆို ! "

"အပြာလေးက ပိုမလှဘူးလား ဘေဘီရဲ့"

"လှပါဖူးးး...ကိုကိုကလည်း..."

မက်သရူးတို့အိမ်ရဲ့ ဧည့်ခန်းမှာ ခေါင်းချင်းဆိုင်ပြီး မင်္ဂလာပွဲအတွက် ဖိတ်စာရွေးနေတဲ့ ဟန်ဘင်းနဲ့ မက်သရူးရဲ့ ငြင်းခုန်သံတွေက ခပ်ကြိတ်ကြိတ်။

"အဖြူလေးကမှ cleanဖြစ်တဲ့ vibeကလေးရတာ ကိုကိုရဲ့...အဖြူပဲ ယူကြရအောင်ပါဗျာ...နော်..."

ဟန်ဘင်းရဲ့ ဘေးမှာကပ်ပြီး ထိုင်နေတဲ့ မက်သရူးက သူဖြစ်ချင်တာကို အလိုလိုက်ပေးဖို့ တောင်းဆိုနေတဲ့ မျက်လုံးလေးတွေနဲ့ ဟန်ဘင်းကိုမော့ကြည့်တယ်။

အဲ့ဒီ့မျက်ပေတုံးကလေးဟာ သူအဲ့သလို အသည်းယားစရာ‌ကောင်းတဲ့ မျက်နှာဘေးလေးနဲ့တောင်းဆိုရင် ဟန်ဘင်းဘယ်တော့မှ ငြင်းနိုင်မှာ မဟုတ်ကြောင်းကို ကောင်းကောင်းသိ‌လေတယ်။ ဒါကြောင့်လည်း မက်သရူးက ဒီလက်နက်ကို မကြာခဏထုတ်သုံးတတ်တယ်။ ဆော့မက်သရူးတို့ လူလည်ကျလိုက်ပုံများ...

ဘေးက လူလည်ကောင်ကလေးကို အသည်းယားလာရတဲ့ ဟန်ဘင်းက သူ့ကိုမော့ကြည့်နေတဲ့ မက်သရူးရဲ့ ပါးဖောင်း‌ဖောင်းလေးတစ်ဖက်ကို ငုံ့မိုးကိုက်ပစ်လိုက်ရင်း....

"ဘေဘီ့သဘော"

ဒီတစ်ခါတော့ သူလိုချင်တာကို ရသွားတဲ့မက်သရူးက ပါးမှာဟန်ဘင်းရဲ့ သွားရာအကွင်းလိုက်ကလေးထင်သွားတာကိုတောင် သူအော်နေကျအတိုင်း "ကိုကို့!" ဆိုပြီး ရန်လုပ်ဖို့ပင် သတိမရပါ။ ဒါ့အပြင် ကျေနပ်သွားဟန်ကလေးနဲ့ မျက်လုံးလေးတွေ ပိတ်လုမတတ် ဟန်ဘင်းကို ပြုံးပြလာတယ်။

ဒါကိုပဲကြည့်ပြီး ဟန်ဘင်းက နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိတယ်။ မက်သရူးရဲ့ အပြုံးက ကြည့်မိမြင်မိတဲ့သူကိုပါ ကူးစက်စေတတ်တဲ့ ဂုဏ်သတ္တိကလေးရှိတယ်။

မျက်ဝန်းလေးတွေအထိ အပြုံးရိပ်တွေထင်နေတဲ့ မက်သရူးက ဟန်ဘင်းအတွက်တော့ ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံးဆုလာဘ်လှလှကလေး...။

နောက်ပြီး....နေရောင်ခြည်ထက်လင်းတဲ့ အဲ့ဒီ့အပြုံးတွေကပဲ ဟန်ဘင်းရဲ့ ရင်ခုန်သံတွေကို ဝုန်းဒိုင်းကြဲ ခိုးယူသွားခဲ့တာကလည်း မှတ်မှတ်ရရ....။

10 REASONS TO LOVE YOUWhere stories live. Discover now