Part - 34 🖤🖤 ( Zg + Uni)

1.4K 72 3
                                    


🦋🦋  ပက်ပက်စက်စက်ကြွေ   🦋🦋
( Part - 34  )

" ဟင့်အင်း ငါ ထားလို့မရဘူး။ ငါ အရမ်းစိတ်ပူ
နေတယ်။ ဦးခိုက်ကို တွေ့မှ ဖြစ်မှာ..
ရှာစမ်းပါ...! ဦးခိုက်ကို ကူရှာပေးစမ်းပါ...!  "

တစ်ကိုယ်လုံးပါ တဆက်ဆက်တုန်နေသလို
စိတ်တွေကလည်းပူ သူရ ဆိုတဲ့လူကိုလည်း
မောင် ဒေါသတွေ ထွက်နေမိသည်။

" ဟိုးမှာ..! ဟိုမှာ ဦးခိုက် မောင် "

ရှိုင်းဆက် လက်ညှိုးထိုးပြတဲ့ နေရာကြည့်လိုက်တော့
ဦးသူရ နဲ့ ကျောခိုင်းကာ ဒီဘက်ထွက်လာသော
ဦးခိုက်ကို တွေ့လိုက်ရသည်။
ဦးသူရ ကလည်း သူလာရာလမ်းအတိုင်း
ပြန်သွားခဲ့ပြီလေ။

မောင့် ခြေလှမ်းတွေကလည်း မြန်ဆန်စွာနဲ့
ပြေးသွားကာ သူ့ အနားရောက်သွားမိသည်။

" ခုဏကလူ မင်းကို ဘာပြောသွားသေးလဲ
ဦးခိုက်..!  ဦးသူရ ဆိုတဲ့လူ မင်းကို
ဘာပြောသွားသေးလဲ..?  "

" ဘာမှမပြောပါဘူး.."

ပြန်ဖြေလာတဲ့ ဦးခိုက် မျက်ဝန်းတွေက ပကတိ
ဖြူစင်ရိုးသားစွာအပြည့်နဲ့။
ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒီလူကြီးက
ဦးခိုက် အမေနဲ့ ဖောက်ပြန်နေတဲ့ လူကြီးလေ။

" ဟုတ်လို့လား ဦးခိုက်..?  သူ့က
မင်းကို ဘာပြောသွားသေးလဲ..?
အဲ့ဒီ သူရဆိုတဲ့လူက မင်းကို တစ်ခုခု
ပြောမှာ သေချာပေါက်ပဲ..!
သူ ဘာပြောသွားသေးလဲ ငါ့ကို ပြောပါ။ "

ဇွတ်တရွတ်နဲ့ မေလင်းစက်မောင် သည် ဦးခိုက်
အင်္ကျီစကို ကိုင်ကာ အသည်းအသန်​နဲ့
မေးနေလေသည်။

"  သူရ.. ဟုတ်လား ..? နာမည်အပြည့်အစုံကို
ဘယ်လို သိနေတာလဲ..?  ခုဏကတည်းက
ဦးသူလို့ပဲ ကိုယ် ပြောခဲ့မိတာလေ"

ဦးခိုက် ကို စိတ်ပူ​နေတာနဲ့ပဲ သူရဆိုတဲ့လူ နာမည်ကို
မောင်​ အမှတ်တမဲ့ ထည့်ပြောလိုက်မိသည်။
နောက်ပြီး အ​စောက ဦးခိုက် မိတ်ဆက်ပေးတုန်းကလည်း
ဦးသူလို့ပဲ ဦးခိုက်က ပြောခဲ့တာလေ။
အခု နာမည်​အပြည့်​အစုံကို  ​ပြောလိုက်​မိ​တော့
မောင်​​​တော့ ဂွမ်းပြီ။

" ဟို....ဟို..."

" ဒီလိုဟ ဦးသူရ ကို ငါနဲ့ မောင်က
ဟိုတစ်လောလေးက ဈေးဝယ်ထွက်ရင်းနဲ့
တွေ့ခဲ့သေးတယ်လေ..အဲ့တာကြောင့်
သူ့ နာမည်ကို သိနေတာ။ သူ့ကတော့
ငါနဲ့ မောင်ကို မသိဘူးပေါ့။  ငါတို့ကသာ
အမူမှတ် အမှတ်မဲ့ သတိထားမိပြီး
သူ့ နာမည်ကို သိသွားခဲ့တာ။ ဟုတ်တယ်မလား
မောင်..? "

ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက် + မေလင်းစက်မောင်) Where stories live. Discover now