မှားသောရင်ခွင် 💔

Comenzar desde el principio
                                    

''ဘာစောက်စကားပြောတာလဲ မင်းး
ငါ့ချစ်သူကို...''

''အကို့ချစ်သူလားဗျ...ချစ်စရာလေးနော်...
စိတ်မဆိုးပါနဲ့ ကျနော်က ခင်ချင်ရုံလေးပါ ''

ဒေါသကြောင့် မောင့်အံကြိတ်သံထွက်ပေါ်လာတော့
ပိုလန့်သွားခဲ့တဲ့ Jeon jimin လေးဟာ
ရင်ခွင်ထဲ ခြေမကိုင်မိ လက်မကိုင်မိ....

''Jeon jimin မောင့် ရင်ခွင်ထဲကခနထွက်...!''

''ဟင့်အင်း...''

သူကြောက်နေတာမို့ ပိုဖက်တွယ်သည်....
ရှိသမျှအားလေးတွေနဲ့ မောင့်ရင်ခွင်ထဲ သူပိုတိုးဝင်လေသည်...

''Jeon jimin..ထွက်လို့မောင်ပြောနေတယ်..''

''ဟင့်အင်း...မထွက်ဘူး..''

''ဟေ့ရောင် Jeon ဘာတွေ ဖြစ်နေကြတာလဲ...''

ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာမို့ မာန်က
လက်မှတ်ပင်မရသေးပဲ ကောင်တာကနေ
ပြန်၍ ပြေးလာသည်...

''မာန်...Jeon jimin ကို ခနခေါ်စမ်းး
ငါဒီကောင်နဲ့ စရင်းရှင်းမယ်....''

''Jimin ငါ့ဆီလာ...''

''ဟင့်အင်း မလာပါဘူးဆို
မောင်ဘာလို့နှင်ထုတ်နေတာလဲ...ရန်မဖြစ်ပါနဲ့..''

''အဟားးးး ခင်ချင်လို့ ဖုန်းနံပါတ်လေးတောင်းမိတာပါဗျာ
ဒီလောက်ကြီးဒေါသထွက်နေစရာ မလိုပါဘူး...
ခင်ဗျားက ဒေါသကြီးသလောက် ဟိုကောင်လေးက
အေးဆေးလေးနော်...မလိုက်ဖက်လိုက်တာ.. ဟက်..ဟက်....''

''ခွေးမသားးးးး!!!''

ခွပ်....!

ရင်ခွင်ထဲမှာ ဖက်တွယ်နေတဲ့သူကို မောင်ကအတင်းခွာကာ
မာန့် ဆီတွန်းပို့သည်...
ပေါ်တင်ပဲ လာတင်စီးနေတဲ့ကောင်ရဲ့ မျက်နှာဆီသို့
မောင့် လက်သီးဟာ တန်းခနဲ...

ဘယ်သူမှဆွဲချိန်မရလိုက်...
မောင့်လက်တွေဟာ မြန်ဆန်ပါသည်....

''Jeon jimin က ငါ့အပိုင် ခွေးမသားရဲ့...
မင်းစောက်ခွက်ကို ငါ ဒီထပ်ပိုပြီး စုတ်ပြတ်သတ်အောင်
မလုပ်ခင်ထွက်သွားးး''

အထိနာသွားတာမို့ မကျေမချမ်းကြည့်ကာ
လှည့်ထွက်သွားခဲ့သည်....
မျက်လုံးထဲမှာ မကျေနပ်တဲ့ အခိုးအငွေ့တွေ အပြည့်နှင့်
မောင့်ကိုတလှည့် Jeon jimin ကိုတလှည့်ကြည့်ကာ
ထွက်သွားလေသည်... .

မှားသောရင်ခွင် 💔Donde viven las historias. Descúbrelo ahora