အပိုင်း (2.1)

Start from the beginning
                                    

''မစ္စတာ ကျင်း ၊ ကျွန်မ အထဲကို ပို့ပေး ဖို့ လိုအပ် သေးလား? ''

ကျင်းထန် ခမျာ တစ်ခုခု အမှားလုပ်မိ ဖို့ ကြိုးစား နေတဲ့  နန်ဟွေး ရဲ့ လက်တွေကို ချုပ်ကိုင် ထားရ တာကြောင့် အပြင်ကို ထွက်ယူမယ့် အကြံဉာဏ်ကို အရှုံးပေး လိုက်ရလေတယ်။ ပြီးတော့ သူ့လက်ထဲမှာ ပဲ လူကို ပွေ့ဖက် ထားပြီးတော့ တံခါးကို တွန့်ဆုတ်စွာနဲ့ ဖွင့်ပေး လိုက်လေတယ်။

အတွင်းရေးမှုး ခမျာ သံပုရာရေခဲရေ ခွက်ကို အိပ်ယာရဲ့ ခေါင်းရင်းနား ထိ ဝင်ပို့ ပေးခဲ့ ပေမယ့်လည်း သူမ က ဘေးပတ်လည် က မြင်ကွင်း တွေကို တစ်ချက်မှ မကြည့်ပဲ ခေါင်းငုံ့ထား ခဲ့တာ ပဲ ဖြစ်လေတယ်။ ပြီးတော့ တံခါး အပြင်ဘက် မှာ ဂုဏ်သရေ ရှိတဲ့ အပြုအမူ နဲ့ ရပ်နေ ခဲ့ပြီးတော့ ကျင်းထန်ရဲ့ ကိုယ်ပေါ်မှာ ရေဘဝဲ တစ်ကောင် လို တွယ်ဖက် နေတဲ့ လူကို မမြင်ချင်ယောင် ဆောင်လိုက် လေတယ်။

'' မစ္စတာ ကျင်း ၊ မနက်ဖြန် တွေ့ဆုံပွဲ အစည်းအဝေး ကို မစ္စတာ ကျင်း  အတွက် ဖျက်ပေး လိုက် ရမလား ''

ကျင်းထန် က တစ်ခဏလောက် တွေးလိုက် ပြီးတော့မှ သာ ပြောလိုက် လေတယ်။

'' မနက်ဖြန် မနက်ပိုင်း ရှိသမျှ ကိစ္စ တွေ အကုန်လုံး ကို ဖျက်သိမ်း လိုက်ပါ ''

'' ကောင်းပါပြီ။ မစ္စတာ ကျင်း ''

အချိန်ဇယား ကိစ္စတွေ ဖြေရှင်း ပြီးတဲ့နောက် ကျင်းထန် ခမျာ သူ့လက်မောင်း ကို လွတ်ပေးဖို့ လုံးဝ ကို ငြင်းဆန် နေတဲ့ ကောင်လေး ကို ကြည့်လိုက် ကာ သူ့ရဲ့ ခေါင်း က အသာလေး ကိုက်လာ သလို ခံစား ရလေတယ်။

သူ့မှာ က ဒီလို ကိစ္စ မျိုးကို ရင်ဆိုင် ဖြေရှင်းဖို့ အတွက် အတွေ့အကြုံ မှ မရှိတာကို ။

ဆွေးနွေးမှု လုပ်ပြီး သွားတဲ့ နောက် ကျင်းထန် က သူ့ကို အစမ်းသဘော နဲ့ ပြောလိုက် လေတယ်။

'' အရင်ဆုံး ရေတစ်ချို့ သောက်လိုက်နော်။ ဟုတ်ပြီလား?  ရေတစ်ချို့ သောက် ပြီး သွားရင် အပူတွေ က လျော့ကျ သွားမှာလေ ''

အစ ကတော့ နန်ဟွေး က လှုပ်ရှားဖို့ ငြင်းဆန် နေခဲ့ ပေမယ့် ကျင်းထန် ရဲ့ နောက်ဆုံး စာကြောင်း ကို ကြားလိုက် ရတဲ့ အခါ မှာတော့ သူ့ရဲ့ ကိုယ်လေး က တုန်ရီလာကာ နှုတ်ခမ်း တွေကို မသိလိုက် ပါပဲနဲ့ သပ်လိုက်တယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now