"ဟုတ်တယ်...မာမီ...ကျွန်တော် ရေသွားချိုးလိုက်အုံးမယ်...."
"ဒါနဲ့ သား...ဒီနေ့..အိမ်ကို~...."
"ဪ..ဒီကောင်လေး စကားကို ဆုံးအောင်နားထောင်မသွားဘူး..."
ကင်မ်ယောင်းအာ ပြောလို့မပြီးသေးဘဲ ထယ်ယောင်းက အိမ်အပေါ်ထပ်ကို တက်သွားပြီ....
ထယ်ယောင်းလည်း မာမီ့ စကားတွေကို ဆုံးအောင်နားမထောင်မိဘဲ အခန်းထဲကို ဝင်လာပြီး ခဏနားက work up လုပ်ပြီး ရေချိုးလိုက်၏။
တစ်နေ့လုံး ပင်ပန်းထားသမျှက ရေနွေးနဲ့ ရေအေးစပ်ထားတဲ့ ရေလေးနဲ့ ချိုးလိုက်တော့...တမှတ်ဟုတ်ချင်းပျောက်သွားသည်။
သူလည်း အချိန်ဆွဲမနေတော့ဘဲ...အဝတ်စားမြန်မြန်လဲကာ...ကားသော့ကို ယူပြီး အောက်ထပ်ဆင်းလိုက်တော့ ဧည့်ခန်းထဲမှာ ဖုန်းသုံးနေတဲ့ မာမီ့ကိုတွေ့သဖြင့်....
"မာမီ...ကျွန်တော်...ကို.. ဂျီဟွန်းတို့ အကူညီတောင်းထားလို့...သူတို့ ချစ်သူတွေအိမ်ကို ပစ္စည်းတွေသွားပို့ရမှာမလို့...ထမင်းစားမစောင့်နဲ့နော်..."
"ဟုတ်ပြီ...ကားကို ဂရုစိုက်မောင်းနော်...သားယောင်း..."
ထယ်ယောင်းလည်း မာမီ့ကို ခေါင်းငြိမ့်ပြပြီး...ကားကို မောင်းကာ ခြံထဲမှစပြီး ထွက်လာခဲ့သည်။
လမ်းထိပ်ရောက်ခါနီးမှာ...မီးရောင်အောက်မှာ တွေ့လိုက်တဲ့ မျက်နှာနုနုလေးကြောင့် ကားကို အရှိန်လျှော့လိုက်ပြီး သေချာအောင်ကြည့်လိုက်၏။
ရှပ်ပြာလေး မှ ရှပ်ပြာလေးပါ......ကြည့်ရတာ တက္ကစီငှားနေတာ ထင်တယ်....သူမသိဘူးလား...ဒီလမ်းက မှောင်ရင် တက္ကစီ လုံးဝမလာတာကို.....ထယ်ယောင်းလည်း ဂျောင်ဂု မတ်တပ်ရပ်နေတဲ့ နေရာမှာ ကားထိုးရပ်လိုက်သည်။
ဂျောင်ဂု တီတီ့အိမ်က ပြန်လာတည်းက တက္ကစီငှားနေတာ...အခုထိငှားလို့မရ...နာရီကကြည့်တော့ ခုနစ်နာရီခွဲနေပြီ....ထို့အချိန် သူ့နားမှာရပ်လိုက်တဲ့ ကား အနက်ရောင်တစ်စီး....ပုံစံက မော်ဒယ်လည်း မြင့်သလို...နောက်ဆုံးပေါ်ဖြစ်ရမည်....ဂျောင်ဂုက ကားနဲ့ပတ်သတ်ရင် စိတ်ထိခိုက်စရာ ရှိတာမို့ ကားအကြောင်းလည်း စိတ်မဝင်စားသလို...သိလည်း သိအောင် မလုပ်ခဲ့....မားတို့ ကကားမောင်းသင်ရမယ်ဆိုလို့သာ...တတ်ရုံသင်ခဲ့တာ ကိုယ်တိုင်မောင်းခဲ သည်။
Part -8
Zacznij od początku