brother -6

1.6K 199 37
                                    

ဆော့ဂျင် အခုတလောနေရထိုင်ရတာ မအီမသာဖြစ်လို့နေသည်။ခဏခဏပဲ အိပ်ချင်နေသလိုခံစားရသည်။‌မျက်လုံးတွေလေးကာ အိပ်ပဲအိပ်ချင်သည်။အငယ်လေးမရှိရင်လည်း တစ်ခုခုလိုသလိုခံစားရသည်။နောက်ပြီး ဖေဖေနဲ့မေမေကို လွမ်းသည်။တခါတလေ အငယ်လေးက စကားမပြောရင် ငိုချင်သည်။

"အစ်ကို နေသာရဲ့လားဟင်..မောင်တော့ စိတ်ပူလာပြီးကွာ။
အစ်ကို့ကို ဆေးခန်းပြပေးချင်ပေမဲ့ မောင်တို့က အပြင်မထွက်လို့မရသေးတော့-"

"အီးးဟီးး ဂျွန်က အစ်ကို့ကိုပစ်ထားတယ် ဟင့်!အိမ်ပြန်ချင်တယ်လို့!!"

ကုတင်ပေါ်မှာပုံ့ပုံ့လေးထိုင်ကာ ငိုနေတဲ့အစ်ကိုက အရင်ကထက်ပိုပြီးစိတ်ခံစားလွယ်လာကာ အသားအရည်လေးတွေကအစ ပန်းနုရောင်သန်းကာ ကြည်လင်နေသည်။အိမ်ထဲကအိမ်ပြင်မထွက်ရလို့များလား။ပြီးတော့ သူ့ကိုအခွင့်ရေးပေးလာတယ်လို့ခံစားရသည်။သူ့ကိုဆိုအမြဲဒေါသဖြစ်နေတတ်တဲ့အစ်ကိုက အခုနောက်ပိုင်း အရမ်းကပ်လာသည်။

"အစ်ကို တကယ်လို့ အစ်ကို့မှာ ကိုယ်ဝန်ရှိနေတာမဖြစ်နိုင်ဘူးလား..ကျွန်တော်တို့ ဒီလောက်အတူနေ,နေတော့ ကိုယ်ဝန်ရလာတာပဲဖြစ်ရမယ်"

"ဘာ!!မဖြစ်နိုင်ပါဘူး!!ငါ့ကလေးမလိုချင်ဘူး"

"ဘာလဲ!!ခဗျားကို အတင်းအနိုင်ယူထားတဲ့ကောင်ရဲ့သွေးသားမို့ မလိုချင်တာလား!!!မရဘူး ဒီကလေးကို မဖြစ်,ဖြစ်တဲ့နည်းနဲ့ကို မွေးရမယ်!!!"

"အီးးဟီးး ငါ့ကိုမအော်နဲ့!!အရူးကောင် အားလုံးမင်းကြောင့်!!အီးးဟီးး မင်းကိုမုန်းတယ် အရူးကောင်ရဲ့!!"

လက်နုနုလေးတွေနဲ့ သူ့ကိုထုရိုက်ကာ ငိုကြီးချက်မှပြူလုပ်လာတာမို့ ဂျောင်ဂုထူးဆန်းစွာကြည့်မိသည်။သူခုနကလို ပြောလိုက်ရင် အစ်ကိုကတစ်နည်းနည်းနဲ့ ‌ပြန်ချေပပြောဆိုတက်သည်။အခုတော့ ကလေးတွေငိုသလို ငိုကာ ပြောဆိုနေတာမို့ သူ့မှာ ထူးလည်းထူးဆန်းရသလို အသည်းလည်းယားလာရသည်။အသည်းယားကာ အစ်ကို့ပါးဖောင်းဖောင်းလေးကို တစ်ရှုံ့ရှုံ့နမ်းတော့ အစ်ကိုက အငိုရပ်ကာ တစ်ခစ်ခစ်ရယ်လာသည်။

Brother 🖤🦋Where stories live. Discover now