*အေးပါကွာ...အေးပါကွာ မင်းကဘာပြစ်ချက်မှမရှိတဲ့ အမျိုးကောင်းသားလေးပါကွာ။ ငါသိပါတယ်*

၀မ်ရိပေါ်ဟာ အဆောင်ပြန်ရောက်ကတည်းက အခန်းဖော်အား ပြောပြောပြီးကို မထွက်သည့်မျက်ရည်ကို ညှစ်ထုတ်နေခြင်းဖြစ်လေသည်။

ပြောသည်ဆိုတာကလည်း မ'က ငါ့ကိုဖြတ်သွားတယ်။ ငါဒီလောက်ချောပြီး အလိုက်လည်းသိတာ။ စာလည်းတော်တဲ့ဟာကို။ ဘာပြစ်ချက်မှမရှိတဲ့ငါ့ကို ဖြတ်သွားတယ်ဆိုပြီး ပြောပြောပြီးကို ငိုနေခြင်းပင်။

အကြောင်းအရာအတိအကျကိုလည်းထုတ်မပြော။

*တော်ပြီ...ငါလုံး၀ ရည်းစားမထားတော့ဘူး*

*သားကြီးရာ မိန်းမတစ်ယောက်အတွက်နဲ့တော့
အရမ်းခံစားနေစရာမလိုပါဘူး။*

*အေး....ဟုတ်တယ်။ ရွှတ်...တော်ပြီ ထပ်မငိုတော့ဘူး။*

*လာသားကြီး မိန်းမတွေကိုခေါက်ထား။ ဒီညချိန်းပွဲရှိတယ်။ ၉နာရီထိုးရင်စမှာ။ ရည်းစားနဲ့ပြတ်တဲ့အထိမ်းအမှတ်အနေနဲ့ အောင်ပွဲသွားယူကြရအောင်*

*Ok!*

ဤသို့ဖြင့် ရည်းစားနဲ့ပြတ်တဲ့ကောင်လေးဟာ နောက်နာရီ၀က်တွင်တော့ ဂိမ်းထဲအာရုံအလုံးစုံကျရောက်သွားတော့သည်။ အသည်းကွဲတယ်ဆိုတာ ရည်းစားကဖြတ်လို့ အသည်းကွဲပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်လိုက်မိသော်လည်း အမှန်က ဘာမှလည်းသိပ်မခံစားမိသလိုပင်။

______________

*Hello....boss*

*အင်း....ပြော*

*ကောင်လေးက သူ့ရည်းစားနဲ့
ပြတ်သွားပါပြီ*

*Ok! ဆက်စောင့်ကြည့်ထား။ နောက်အပတ်
‌Beijing တက္ကသိုလ်က IT ကျောင်းသားတွေကို Sean Group ကနေ ပညာသင်ခေါ်မယ့်အကြောင်း ပါချုပ်နဲ့သွားပြော*

*ဟုတ်ကဲ့ boss*

ဖုန်းချလိုက်သည်ဆိုလျှင်ဘဲ Sean Group က CEO ရှောင်းသည့်မျက်နှာထက်တွင် အပြုံးတို့က ဖြစ်တည်လာပါတော့သည်။

*၀မ့်ကို ကိုယ့်အောက်ဖိသိပ်ပြီး ကိုယ့်အပိုင်အဖြစ် တစ်သက်လုံးသိမ်းဖို့ကို မစောင့်နိုင်တော့ဘူးကွာ*

You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

Network ERROR 🚨 (Short Story)Where stories live. Discover now