"အသက်ကို မှန်မှန်ရှူ...၊ ဘယ်လိုလဲ..အဆင်ပြေလား..?"

အတန်ကြာမှသာ ထယ်ယောင်း၏အသက်ရှူသံမှာ ပုံမှန်ပြန်ဖြစ်သွားရသည်။

"ကျေး..ဇူး ပဲ ယွန်းဂီ.."

လေသံဖျော့ဖျော့လေးဖြင့်သာ ပြောလာသောထယ်ယောင်းကိုကြည့်ရင်း ယွန်းဂီစုတ်တစ်ချက်သက်မိသည်။

ယွန်းဂီသိသည်။ ထယ်ယောင်းက ငယ်ငယ်လေးတည်းက အမောမခံနိုင်ပါ။ တခြားကလေးတွေထက်လည်း သက်လုံအားနည်းသည်။ ဒါကြောင့်ပဲ ထယ်ယောင်းငယ်ငယ်က သူသဘောကျခဲ့ရသည့် Basketball ကို စွန့်လွှတ်ခဲ့ရသည်လေ။

"ကျစ်..ကင်မ်ထယ်ယောင်း.. မင်း ကိုယ့်ကိုယ်ကို အမောမခံနိုင်တာကို သိရဲ့သားနဲ့ ဘာလို့ မဆင်ခြင်ရတာလဲ..ဟမ်.!?

မင်းကိုယ်မင်း ကလေးများထင်နေလား..!?"

ယွန်းဂီ လေသံမာမာဖြင့် ဟောက်နေသည်ကို ထယ်ယောင်းတိတ်ဆိတ်စွာ နားထောင်နေရင်း ယွန်းဂီ စကားဆုံးသွားတော့..

ယွန်းဂီ၏ မျက်လုံးများကိုစိုက်ကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး..

"ဘာလဲ..မင်းက ငါ့ကိုစိတ်ပူတာလား..?"

"......."

ထယ်ယောင်းက ပြုံးစစဖြင့်မေးလိုက်တော့ ယွန်းဂီထံမှ ပြန်ဖြေသံမလာ။ ရှုတုတုဖြင့်သာ မျက်နှာသေဖြင့် နေနေသည်။

"ပြောလေ.. ငါ့ကို စိတ်ပူနေတာလား လို့..?"

"ခွေးကောင်ထယ်ယောင်း.. မင်းကိုငါ အကောင်းပြောနေတာ.."

ထိုအခိုက် ယွန်းဂီ၏ ဆဲဆိုသံနှင့်အတူ ထယ်ယောင်း ဟက်ဟက်ပက်ပက်အော်ရယ်လိုက်မိသည်။
သူသိတာပေါ့၊ ယွန်းဂီ သူ့ကို စိတ်ပူနေတယ်ဆိုတာ။

ယွန်းဂီရယ်... ဖြစ်နိုင်ရင် ငါ မင်းအနားမှာ အခုလိုပဲ အမြဲတမ်းတွယ်ကပ်နေခွင့်ရရင် သိပ်ကောင်းမယ်။

တောအုပ်အတွင်းက ဘန်ဂလိုလေးရှေ့မှာတော့ ထယ်ယောင်း၏ ရယ်သံလွင်လွင်လေးသာ ဖုံးလွှမ်းသွားပါတော့သည်။

🍁🍁

"အယ်.... ဒီလိုလည်း မဟုတ်သေးဘူး.."

ယွန်းဂီ စာထိုင်ဖတ်နေရင်း ကြားလိုက်ရသော အသံတစ်စွန်းတစ်စ။

Come Back (Complete)Where stories live. Discover now