"ဒီကောင်လေးရဲ့မှော်စွမ်းအားက မဆိုးဘူးပဲ" ဒုအကြီးအကဲစကားကြောင့် အင်ပါယာမင်းရဲ့မျက်နှာဟာပျော်ရွှင်သွားတော့သည်၊
"တူတော်မောင်အန်ဒီးယား ရှေ့ကိုလာပြီး အကြီးအမှူးကို ကျေးဇူးတင်လိုက်လေ" အင်ပါယာမင်းစကားကြောင့် အန်ဒီးယားဟာ ကြောက်လန့်တကြားရှေ့ကိုတက်လာပြီး ဒုအကြီးအမှူးကို နူတ်ဆက်လိုက်သည်၊ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ အတော်ကိုပျော်ရွှင်နေတော့သည်၊ဒုအကြီးအမှူးလိုလူမျိုးက သူ့ကိုသတိထားမိသွားသည်မလား၊
"သူက အန်ဒီးယားရိုစဲဆလပ်ပါ အကြီးအမှူး ပြီးတော့ မှော်အင်းကွက်ရေးဆွဲတဲ့နေရာမှာလည်း ပါရမီမြင့်မားတယ်...သူ့ရဲ့အသက်က ဆယ့်နှစ်နှစ်ပဲရှိသေးတယ်" အင်ပါယာမင်းရဲ့စကားကြောင့် ဒုအကြီးအမှူးဟာ သဘောကျစွာခေါင်းညိတ်လိုက်သည်၊
"မဆိုးပါဘူး ငယ်ရွယ်သေးပေမယ့် မှော်စွမ်းအားမြင့်မားတယ်" ဒုအကြီးအမှူးစကားကြောင့် အန်ဒီးယားက စိတ်ထဲမှာ ဘဝင်မြင့်သွားတော့သည်၊တကယ်လို့ ဒုအကြီးအကဲသာ တပည့်အဖြစ်ရွေးချယ်ခဲ့မယ်ဆိုရင် အင်ပါယာမှာ သူ့ကိုမော်ကြည့်ရဲတဲ့သူရှိတော့မည်မဟုတ်သလို သူ့ကိုအရှက်ခွဲတဲ့သူတွေကို သတ်ရင်လည်း ဘယ်သူမှအပြစ်တင်မည်မဟုတ်ပေ၊
'ဒန်နာရီ မင်းရဲ့ကံကောင်းမှုတွေက ကုန်ဆုံးတော့မှာပဲ'
ဒါပေမယ့် ဒုအကြီးအမှူးက မဆိုးဘူးလို့သာပြောပြီး တပည့်အဖြစ်မကမ်းလှမ်းခဲ့ပေ၊သူတို့ဟာ အင်ပါယာမင်းကို ရှေ့ကသွားရန်ပြောလိုက်သည်၊ဒါက အန်ဒီးယားကို အနည်းငယ်စိတ်ပျက်သွားစေပမယ့် အန်ဒီးယားက ဘာမှမဖြစ်သလို နာခံစွာဖြင့် အိုလီဘာနားပြန်ကပ်ပြီး နေနေတော့သည်၊
"အင်ပါယာတိုင်းရဲ့ပါရမီရှင်တွေကို ရွေးချယ်မှာဆိုတော့ ကျုပ်တို့ရဲ့သခင်လေးကလည်း စိတ်ဝင်စားနေတယ်လေ" ဒုအကြီးအမှူးစကားကြောင့် အင်ပါယာမင်းဟာ နားမလည်စွာမေးလိုက်သည်၊
"သခင်လေးဆိုတာက..." အင်ပါယာမင်းရဲ့စကားမဆုံးခင်မှာ နောက်ထပ်မှော်စက်ကွင်းပေါ်ထွက်လာပြီး လူငယ်တစ်ဦးထွက်လာတော့သည်၊