ဆော့ဂျင်က မနေနိုင်တဲ့အဆုံးအော်လိုက်တော့မှ ငိုမဲ့မဲ့လေးနဲ့ တိတ်သွားသည်။

"မင်း ဘယ်အချိန်တည်းက ပြန်ရောက်နေတာလဲ..."

"ငါနေ့လည် ထဲက ဆိုင်ကနေပြန်လာတာ...ဂျီဂျီ.."

"ပြောစမ်းပါအုံး...ဘယ်သူ့ကို ဒေါသထွက်နေတာလဲ..."

"ဘယ်သူရှိမှာလဲ......ဟို..ဘဝင်ရူး ကင်မ်ထယ်ယောင်းပေါ့...ကုကို နမ်း...အု~"

ဟိုဆော့ကမေးတော့ ဂျောင်ဂုက အမှတ်တမဲ့မို့ သတိမထားမိဘဲပြောလိုက်ပြီးမှ အမြန်ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ရသည်။

ဒါပေမဲ့ ဟိုဆော့တို့ကြားဖြစ်အောင်ကြားလိုက်၏။

"ဘာ!..အစ်ကို ယောင်းက မင်းကို နမ်းတယ်!!..."

"ဘယ်နေရာကိုလဲ..."

"ဘယ်လိုနမ်းတာလဲ....."

"ဘယ်နေရာမှာလဲ........"

သုံးယောက်သားမသိချင်ရှာဘူး...သူလှဲနေတဲ့ ကြမ်းပြင်နာကို ဝုန်းခနဲရောက်လာပြီး...တစ်ယောက်တစ်ပေါက်မေးလာ၏။

ဂျောင်ဂု ပြောမိလိုက်တဲ့ ကိုယ့်ပါးစပ်ကိုသာ ဖြတ်ရိုက်မိချင်သည်။

"ငါ...ငါမေ့နေတာ...ဒီဇိုင်း သစ်တွေဆွဲဖို့ ရှိလို့သွားတော့မယ်..."

"ငါတို့ကို ဒီလို လုပ်လို့မရဘူး..."

ထပြေးဖို့ကျန်နေတဲ့ ဂျောင်ဂုကို ဆော့ဂျင်တို့က ဝိုင်းဆွဲထားသဖြင့် ဂျောင်ဂုမှာ သွားလို့မရ...

"အား.!..လွှတ်~...ဂျင်ဂျင်နဲ့ ဂျီဂျီ..ခြေထောက်ကို ဆွဲမထားနဲ့!....ဆော့ဆော့ ငါ့ကျောပေါ်ကဆင်း!...."

ဆော့ဂျင်နဲ့ ဂျီမင်က ထွက်သွားဖို့ကြံနေတဲ့ ဂျောင်ဂုရဲ့ ခြေထောက်ကို တစ်ဖက်စီ ဆွဲထားတာကြောင့် ဂျောင်ဂုက ဝမးလျားမှောက်လဲကျသွားတာကို ဟိုဆော့က ကျောပေါ်တက်ထိုင်နေ၏။

"မဆင်းဘူး...ငါတို့ကိုပြောပြ!.."

"ဟုတ်တယ်..မလွှတ်ဘူး...ငါတို့ကို အမှန်တိုင်းပြောပြရင် လွှတ်မယ်..."

"အား...လွှတ်ကျ!...ဆင်းကျ!...ငါပြောပြမယ်...မဟုတ်ရင် ..ငါပြားပြီးသေလိမ့်မယ်.."

 Magic Of Love Waar verhalen tot leven komen. Ontdek het nu