"အဲ့တာဆိုလဲ မင်းShowရိုက်ဖို့နေရာကိုပြန်တော့"

"‌ပြန်ဖို့‌နောက်ကျနေပြီလေ အပြင်မှာမှောင်နေလို့ အီဂျောင်နဲ့အိပ်လို့မရဘူးလား"

"ဘာ!!!!?"

"ဖြေးဖြေးအော်ပါ လိပ်ပြာလွင့်သွားတော့မလို့"

"တော်ပြီရစ်ခီ တရုတ်လေးမို့သာတော်တော့တယ် စကားတတ်ချက်က ငါ့ပါရောင်းစားတော့မလားမသိ ပြန်တော့ပြန်တော့"

ရစ်ခီ့ကိုကျောပိုးအိတ်ကနေဆွဲကာ အခန်းထဲကနေဆွဲထုတ်နေသူကြောင့် ဖရိုဖရဲနဲ့ဖြစ်‌နေပေမယ့် အခန်းအပြင်မရောက်ခင်အတင်းတားရလေသည်။

"ပြန်တော့ပဲပြောနေတာပဲ အဲ့နေရာကိုမသွားတတ်ဘူး အီဂျောင်လိုက်ပို့"

"မင်း...!!!"

"စိတ်လျှော့ စိတ်လျှော့ ဂျောင်ဟျွန်းနီး တော်ကြာမျက်နှာလှလှလေးမှာအရေးအကြောင်းတွေပေါ်လာမယ်"

"ဘယ်သူ့ကြောင့်စိတ်တိုနေရတာမို့လဲ"

ဟားဟား အီဂျောင်ဟျွန်းစိတ်တိုနေတာလေးကသိပ်ချစ်စရာကောင်းတာပဲတွေးပြီး ရစ်ခီခိုးရယ်လိုက်သည် ပေါ်တင်တော့မရယ်ရဲပါဘူး တော်ကြာလိုက်မပို့ပဲနေမှဖြင့်။

"လာလာ လိပ်စာပြောလိုက်ပို့ပေးမယ်"

"ဟီး ခဏလိပ်စာကခုမှမေးရမှာ"

အီဂျောင်နောက်ကိုလိုက်ချင်ဇောနဲ့သာလိုက်လာခဲ့တာ Showရိုက်မယ့်နေရာလိပ်စာအတိအကျကို ရစ်ခီလဲသေချာမသိပေ။ အီဂျောင့်ကိုလှမ်းကြည့်တော့ ခေါင်းခေါက်ချင်နေတဲ့အတန်းပိုင်ဆရာအကြည့်နဲ့ကြည့်နေပြန်သည်။ အီဂျောင်ခေါက်ရင်တော့ ရစ်ခီတို့ကခံဖို့အသင့် အီဂျောင်တစ်ချက်ခေါက်ရင် ရစ်ခီကတစ်ချက်နမ်းရုံပဲ ဘာမှတ်။

"ရပြီဒီမှာ ဒီလိပ်စာအတိုင်းလိုက်ပို့ပေးနော် ဝေးလားဟင်"

ကျန်းဟောက်ကောကိုလိပ်စာလှမ်းမေးတော့ Messageပို့လာတဲ့နေရာကိုအီဂျောင့်ကိုပြကာ လိုက်ပို့ခိုင်းရသည်။

"တောင်နဲ့မြောက်ပဲ မတတ်နိုင်ဘူးတစ်ယောက်ထဲလွှတ်ဖို့လဲအဆင်ပြေမှာမဟုတ်တော့လိုက်ပို့ရမှာပဲ ခဏနေဦး အမေ့ကိုပြောပြီး ကားသွားထုတ်လိုက်ဦးမယ် အခန်းထဲမှာရှိတာတွေ ဘာတစ်ခုမှမထိမကိုင်ပဲ ငြိမ်ငြိမ်လေးထိုင်စောင့်နေ"

"ဟုတ်ဟုတ်စိတ်ချ အသက်တောင်မရှူပဲအောင့်ထားမယ်"

ပြောရတာမောတယ်ဆိုတဲ့ပုံစံဖြင့်သက်ပြင်းချကာ ခေါင်းတခါခါဖြင့် အီဂျောင်းဟျွန်းအခန်းထဲမှထွက်သွားလေသည်။

အီဂျောင်ဘာပြောပြော စနောက်ချင်နေတာမို့ ဒုက္ခပါပဲ။ အီဂျောင့်နား‌မှာနေရရင်ကိုအလိုလိုပျော်နေတဲ့ရစ်ခီ့စိတ်က တချိန်လုံးမြူးနေစေသည်။ တချို့တွေပြောနေကြတဲ့ အချေဆိုဒ်နဲ့ရစ်ခီရှန်ကိုရှာပေးကြပါဦး...။  ။

To be Continue...

Kitty Ricky 🐈 (Complete)Where stories live. Discover now