တဖြည်းဖြည်းနှင့် ထိုပုံရိပ်လေး၏ အနောက်ဘက်မှအကောင်အထည်တစ်ခုပေါ်လာပြီ ထိုပုံရိပ်ငယ်လေးအား အုပ်မိုးသွားကာ ဝါးမြိုသွားသယောင်ဖြင့် အမှန်တကယ်က ပွေ့ဖက်လာလေသည် ။

ခါးတလျှောက် လျှို၀င်သိုင်းဖက်လာသော လက်နှစ်ဖက်နှင့်အတူ လည်တိုင်ဖြူနုနုလေးပေါ် ငုံ့ကျလာသော ဦး‌ခေါင်းတစ်ခု။

မိမိလည်တိုင်အား ထိတွေ့နေသည့် အေးစက်စက်နှင့်ထိုအရာ။

ခြေဖျားလက်ဖျားတို့ အေးစက်ကာ တုန်ရီနေသည့်တိုင် အသံထွက်၍ အော်မရသလို ရုန်းကန်၍လည်းမရနိုင်။

လည်တိုင်မှခံစားမိနေသော အထိအတွေ့ဟာ အေးစက်လျက် ခန္ဓာတစ်ခုလုံးအား လှုပ်မရအောင် ထိန်းချုပ်ခံထားရသလို။

ထိုအချိန်တွင် စိတ်ထဲ တောင့်တမိဆုံးလူသားတစ်ဦး၏ အမည်နာမ...

ရိပေါ် မင်းဘယ်မှာလဲ ငါ့ကိုလာခေါ်ပေးပါ !

ရှိသမျှ အားကုန်သုံးကာ မိမိအားသိုင်းဖက်ထားသည့် အေးစက်စက် လက်နှစ်ဖက်အား ဖယ်ခွာလိုက်ကာ ထိုအရိပ်မည်းအား အဝေးသို့ တွန်းထုတ်လိုက်သည်။

*မင်း ! ဘယ်.....ဘယ်သူလဲ....*

အိပ်ခန်းထောင့်သို့ရောက်သွားသော ထိုအရိပ်ဟာ အသံပြန်၍မပြု။

စကားပြန် မကြားရ၍ ကြောက်စိတ်တို့ဟာ ပို၍ ကြီးစိုးလာရသည်။

အနားရှိ စာကြည့်စားပွဲပေါ်မှ မီးအိမ်အား ပြေးယူ၍ ထိုအရိပ်မည်းထံ ချိန်ရွယ်ထားကာ.....

*ဘယ်သူလဲလို့!!! မေးနေတယ်လေ*

.....

*စကား..........မပြောတတ်ဘူးလား!!*

......

ထိုအရိပ်မည်းဟာ ပြန်၍ မိမိနားထံ တရွေ့ရွေ့တိုးကပ်လာသည်။

*ဘယ်သူလဲ!!*

*ဘယ်သူလဲလို့!!!!*

*ငါ့နား မလာခဲ့နဲ့!!!*

အသံတိုးဟာ တဖြည်းဖြည်းတုန်ရီလာရသည်။ ထို့နောက် မျက်လုံးရှေ့တွင် ပျောက်သွားသော ထိုအရိပ်

ချက်ချင်းပင် ဘေးဘီဝဲရာကို ဝေ့ဝဲကြည့်မိသော်လည်း ထိုအရိပ်မည်းဟာ ရှိမနေ ...

WHO AM I ?Where stories live. Discover now