"သော်သော်!.."

"လာမထိနဲ့ နင် ဝေးဝေးသွား..."

ထင်ရှားသူရက နောက်ကပြေးလိုက်လာပြီး ခန္ဓာကိုယ်ကိုဆွဲလှည့်သည်။ သို့သော်ရဝေသော်က အကုန်တွန်းထုတ်သည်။

"ဘာဖြစ်နေတာလဲ..."

လုံးဝအထိမခံဘဲ အတင်းတွန်းလွှတ်နေသည်။ ခဏတုန်းက အကောင်း အခုမှထဖောက်တာ။ သူ မိန်းမတွေရဲ့စိတ်ကို နားမလည်တော့ဘူး။

"လက်ကဟိုထိဒီထိလာမလုပ်နဲ့..."

မထိနဲ့ဆိုမှ သူက သူမခါးကို ပိုင်စိုးပိုင်နင်းဆွဲဖက်ပြစ်ကာ ရင်ချင်းအပ်သည်။

"ငါစိတ်မရှည်ဘူးနော် ဘာဖြစ်သွားတာလဲ ပြော"

"ငါ့ကို လာမထိပါနဲ့ဆို တခြားမိန်းမကိုထိထားတဲ့လက်နဲ့လာမထိနဲ့..."

သူမစကားကြောင့် သူ့မျက်ခုံးအစုံသည် မြင့်တက်သွားရ၏။ ပြီးမှ ပြုံးစစဖြစ်လာရသည်။ ခဏက ဖက်နေတဲ့အဖြစ်က အထင်လွဲစရာပဲ။

"သဝန်တိုနေတာလား "

"အံမာ အထင်ကြီးမနေနဲ့...ငါ မသတီလို့ကိုမထိခိုင်းတာ "

ကျစ်!..

သူ့ရဲ့မျက်နှာက ပြန်ပြီးမှုန်ကုတ်သွားကာ သက်ပြင်းချသံတစ်ချို့ကြားလိုက်ရ၏။ သူမမျက်လုံးလေးစွေကြည့်တော့ စိတ်ညစ်နေသည့်ပုံစံ။

ဟွန်း...တခြားမိန်းမနဲ့ဖက်တုန်းကတော့ ဒီပုံစံမဟုတ်ပါဘူး။

သူမတွေးနေစဉ်မှာပဲ ထင်ရှားသူရက သူမကိုရုတ်တရက်ကြီးနမ်းရှိုက်လာသည်။

"အင့်..."

ရဝေသော်အတင်းတွန်းထုတ်သည်။

"ဘာလုပ်တာလဲ နင်!..."

"သဝန်တိုခံရတဲ့အရသာက ကောင်းသားပဲ"

"ဘယ်သူက သဝန်တိုတယ်ပြောလို့လဲ..."

"ငါသိတာ ဘေးကကြည့်ရင် မင်းဖြစ်နေပုံက သိသာတယ်"

‌ရဝေသော် သူ့လက်မောင်းကို အားပါပါနဲ့ကိုက်ချပြစ်သည်။ အင်္ကျီမှာတောင် သွားရာကြီးကထင်နေသည်။ အသားကိုကိုက်ထည့်တာမို့ နာကောင်းနာနေလိမ့်မည်။ သို့သော်သူက တစ်ချက်မှနာကျင်ဟန်မပြ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now