"ကလေးတွေပဲ  အများဆုံး တက်ဆော့ခိုင်းတာများတယ်
ကျွန်တော်တို့လို အရွယ်တော့ ဘယ်ရမလဲ"


"ဟမ်! ဒီလောက်အကြီးကြီးကို ငါတို့ကျမှ ဘာလို့မရတာလဲ"


"လမင်း ဆော့ချင်လို့လား "


"အင်း "

ခန့်စေတို့နှစ်ယောက် စကားရပ်ပြောနေစဉ်  သန့်စင်ထွန်းတို့ လေးယောက်အနားရောက်လာ၏။ မှုန်ကြီး အိုက်တွမ်ကတော့ မြင်တာနဲ့  ပေါက်ပေါက်ဖောက်ပါပြီ။

"ဟေ့ကောင်! ခန့်စေ မယ်မင်းကြီးမသား လိုက်ရှာလိုက်ရတာ
   အနောက်ဆုံးက လိုက်လာပြီး ဘယ်ပျောက်သွားတာတုန်း"

" လမင်းကို  အိမ်မှာဝင်ပြီး အဝတ်သွားရှာပေးတာ "

ခန့်စေပြောမှ လေးယောက်သား လမင်းဆီ အကြည့်ပို့ကြတော့သည်။

"အိုက်လမင်းသာ ငါတို့ဆင်တူဝတ်ထားတဲ့ ဟာကဘာဖြစ်လို့လဲ"

"ဟို .... "

" သူ ရှမ်းဝတ်စုံ ဝတ်တာမြင်ဖူးချင်တယ် ဆိုလို့ "

"ဪ...."

ခန့်စေက လမင်းအား ပေးမဖြေပါ။ သူသာလျှင် ဝင်ဖြေနေသည်။
လမင်းကသာ ငါ ရှမ်းဝတ်စုံ ဝတ်ချင်လို့သာ ဖြေရင် ဟန်လျှမ်းတို့က
ကောက်ရင်ကောက်နေမှာ။ ခန့်စေမို့လို့သာ အတွန့်မတက်ရဲတာ။

"ငါ တစ်ယောက်တည်း ကိုးရို့ကားယားနဲ့  မင်းတို့သာ လန်းနေကြတာ"

"ကဲပါ ဒီအတိုင်းလဲ စိုင်းဟန်လျှမ်းက ချစ်ဖို့ကောင်းပါတယ်"

သန့်စင်ထွန်းက ပြုံးစစဖြင့် ပြောလာတာကို မျက်မှန်ဝိုင်းကြီးပင့်ကာ မှုန်ကုတ်ကုတ်လုပ်နေတဲ့ စိုင်းဟန်လျှမ်းတို့က လက်မခံပါ။

"ဘာကို ချစ်ဖို့ကောင်းတာလဲ မိမိုက်နေတာကွ မိမိုက်နေတာ
ငါ့အရွယ်က ချစ်ဖို့ကောင်းရမယ့် အရွယ်လား အရှည်ကြီး ရ"

"ဟ!..."

ရှေ့က ကိုဂျပုတို့များ ကိုယ်တွေ လေးယောက်ထဲမှာ ခန့်စေမှ လွဲရင် ကျန်‌သုံးယောက်ကို  အကြောက်စာရင်းထဲမထည့်။
လူက လက်တောက်လောက်နဲ့ သူကပဲ ဟောက်စားလုပ်တဲ့ အချိန်တွေက ရှိသေးတယ်။  အခုလည်း ချစ်ဖို့ကောင်းလို့ ကောင်းတယ်ပြောတာကို နှုတ်ခမ်းကြီးထော်ပြီးပြောနေတာ အရှေ့ကကောင် ပက်လက်လှန်တော့မယ်။ စွံ့အ သွားရသည်။
ဘာတဲ့ .....မိမိုက်နေတာ ဆိုပဲ။

ချစ်ချင်လို့ ချစ်တာ ( Complete)Tahanan ng mga kuwento. Tumuklas ngayon