"ဟင့် အဲ့တာ ကြီးကြီးက ပြောလို့မရသေးဘူးလို့ပြောတာ...မေမေစိတ်ဆိုးမယ်မှန်းသိရင် အချစ်ကလုပ်ပါ့မလားလို့"

အခု‌တလော အချစ်က မိန်းကလေးပီပီ ချွဲ့နွဲ့ပြီးပြောလာသည်။ ဒီလိုချစ်စရာကောင်းအောင်ပြောမှတော့ အနှစ်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ပျော့ရတော့သည်။

"ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်"

"ဟုတ်!.."

အချစ်က ပါးကိုတစ်ချက်နမ်းပြီး ဦးဦးထက်ဆီသွားဦးမည်ဟုဆိုကာ ပြေးထွက်သွားသည်။

"ကိုယ်က သောင်းကျန်းမယ်ထင်တာ"

"ပေါက်ကရတွေမပြောနဲ့ ကျွန်မရှင့်ကိုခွင့်မလွှတ်ရသေးဘူး"

"ကိုယ်က ယောက်ဖပြောတဲ့အတိုင်းလုပ်ရတာလေကွာ...သဲလေးအစ်ကိုကို လွန်ဆန်ရင် သူ့ညီမနဲ့ဝေးရမှာဆိုးလို့ အစ်ကိုတော်အလိုကျ ဖုံးကွယ်ပေးမိတာပါ"

"အပိုတွေ!.."

စက်ဝန်းက အနှစ်ကိုနောက်ကနေဖက်ကာ ပုခုံးပေါ်မေးတင်ပြီး ချော့သည်။ သေချာပေါက် နှုတ်ခမ်းက အငြိမ်မနေဘဲ လည်ပင်းကို နမ်းသေးသည်။

"တော်တော့ အနှစ်တို့အိမ်ပြန်ရအောင်"

"သဲလေးသဘော!.."

"ပြီးတော့ ကျွန်မ ဖိုးသားကို လက်ဆောင်တစ်ခုဝယ်ပေးချင်တယ် သူနိုင်ငံခြားပြန်မသွားခင် ပေးချင်တယ်"

"အင်း ကိုယ်လည်းစဉ်းစားထားပါတယ် နောက်ရက်ကျ အတူတူသွားဝယ်ရအောင်"

"အင်း..."

သဝန်တိုခြင်းတို့ ပျောက်ကွယ်သွား၏။ ဒါက အချင်းချင်းယုံကြည်မှုကနေ ဖြစ်ပေါ်လာတဲ့ အစစ်အမှန်။

✿⁠............✿⁠...........✿⁠

"ကိုယ်တို့သူငယ်ချင်းဖြစ်လို့ရမလား"

"ရတာပေါ့..."

ဒီရက်ပိုင်းအတွင်း မိုးမြတ်ယံ မွန်လေးရဲ့အတိတ်နဲ့ပတ်သတ်ပြီး အရိပ်အမြွက်ပြောပြဖူးသည်။ သို့သော်  မွန်လေးရဲ့အခြေအနေသည် မထူးခြားလာပဲ မေ့မြဲမေ့ဆဲပင်။ တမင်မေ့တာလား၊ တစ်ကယ်လားမသိပေမဲ့ သူတို့ဆက်ဆံရေးက အဆုံးသတ်ပြီဆိုတာတော့ သေချာသည်။ ‌နောက်ဆုံးမှာတော့ မိုးမြတ်ယံလက်လျှော့လိုက်ကာ သူငယ်ချင်းအဖြစ်ကပြန်စဖို့သာတွေးလိုက်သည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now