"ငါ..."

တည်တံ့ကလက်ကိုထပ်မံထောင်ပြသည်။ အနှစ်စိတ်ပျက်သလိုမျိုးကိုကြီးကိုကြည့်ကာ...

"ကိုကြီးက အဲ့လိုလူမျိုးလား မိန်းမတစ်ယောက်ကို လိုက်ခိုင်းရလား လိုက်ချင်လိုက် ယောက်ျားဖြစ်တဲ့ကိုကြီးက ဦးအောင်‌ချစ်ခွင့်ပန်ရမှာမဟုတ်လား...ဘာလို့မိန်းကလေးလိုက်တာခံရတာလဲ တံတိုင်းတည်တံ့မို့လို့ကိုကြီးကိုသည်းခံနေတယ် ငါသာဆို အဲ့လိုမာနကြီးပြီးထိပ်စည်းရောက်နေတဲ့သူကို မကပ်တွယ်နိုင်ဘူး"

"ဟင်!.."

"ဟမ်!.."

တံတိုင်းတည်တံ့ဆီဦးတည်နေသည့်မြှားက နောက်ဆုံးမှာ မင်းထက်ဘက်ကိုလှည့်သွားသည့်အခါ အကုန်လုံးကြောင်တောင်တောင်ဖြစ်ကုန်ကြသည်။ အစ်ကိုဖြစ်သူနဲ့သဘောမတူဘူးဆိုပြီးတော့ ဦးတည်တဲ့လမ်းကမှားနေသည်။

"ဒီလို ယောက်ျားတွေကို ချစ်ရတဲ့မိန်းကလေးတွေက တစ်ကယ်ကံဆိုးတာပဲ...တစ်ကယ်ကို စာနာပါတယ် တည်တံ့..."

နောက်ဆုံးမှာတော့ ဘာမှမလုပ်လိုက်ရဘဲ တည်တံ့ဘက်ကိုအနှစ်ပါသွားသည်။ မင်းထက်စိုးရိမ်နေတဲ့အကြောင်းအရာမျိုး လုံးဝပင်မဖြစ်သွားလိုက်။

"နောက်ဆုံးတော့ ကိုကြီးအချစ်ကိုရှာတွေ့ခဲ့ပြီ ကျေးဇူးပါပဲ တည်တံ့...ကိုကြီးကိုရွေးချယ်ပေးလို့ ငါ့အထင် ကိုကြီးကသူ့အချစ်ဦးကြောင့် ဒီတစ်သက်‌မိန်းမမယူဘူးလို့ထင်ထားတာ အခုလို ချစ်သူနဲ့အတူ မိမယ်လို့မစဉ်းစားမိဘူး ကိုကြီးက အချစ်ဦးကြောင့် အချစ်ကိုစိတ်နာ...အွန့်!.."

"တော်တော့ အတိတ်ကို ပြန်မဖော်နဲ့...သူစိတ်ကောက်ရင် အရမ်းချော့ရခက်တယ်"

မင်းထက်က အနှစ်နားနားကပ်ကာ တိုးတိုးလေးပြောသွားသည်။ ပြီးနောက် တည်တံ့လက်ကိုဆွဲကာ အိမ်ပြန်ပို့ဦးမည်ဟုဆိုပြီး ထွက်သွားသည်။

"ဒါဆို ကိုယ်တို့လည်း!.."

"နေဦး ရှင်တို့နှစ်ယောက်ကိုတော့ ခွင့်မလွှတ်ရသေးဘူး"

"ဟင့် အချစ်ဘာမလုပ်ဘူးလေမေမေ"

"အမယ် ကြီးကြီးမှာရည်းစားရှိတာသိရက်နဲ့ မေမေ့ကို‌မပြောတာက အပြစ်‌ပဲလေ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now