အဲ့ဒီလို ပြုမူခံရမယ့် တေးကပဲ မင်းသားကိုဦးစွာ လမ်းခွဲခြင်မိပါသည်။

မင်းသားဘက်ကနေ လမ်းခွဲစကားစပြောလာရင်၊အဲ့ဒီအချိန် တေး,နာကျင်ခဲ့စားရလွန်းလို့ ရူးသွားရပါလိမ့်မည်။

နာကျင်ရမယ့်အတူတူ တေးဘက်ကနေပဲ စတင်လိုက်တော့မည်။အခုလို လုပ်တာက မင်းသားသည် တေးကို နာကျည်းပြီး မုန်းတီးသွားနိုင်တယ်ဆိုတာလည်း သိပါတယ်။

" တေး... ကိုယ့်ကို ပြောအုံးလေကွာ... "

မင်းသားက မေးလေ၊တေး ငိုချချင်လေပါပဲ။ဒါပေမဲ့ တေး, ဒီနေရာမှာ ငိုလို့မဖြစ်ပေ။ငိုချလိုက်တာက တေး,ကို ပိုနာကျင်စေလိမ့်မည်။ဒါကြောင့်
တေးသည် ငိုမယ့်အစား ခပ်ထေထေလေး ပြုံးလိုက်သည်။အဲ့ဒီနောက်မှာတော့ ဗလာကျင်းထားတဲ့ အေးစက်စက် မျက်ဝန်းအကြည့်တွေကို ချစ်ရသူ မင်းသားထံ ပို့လိုက်ပြီး...

" မင်းသား ကို ချစ်ရတာ တေးအတွက် အရမ်းပင်ပန်းတယ်။အတာအဆီးတွေကြောင့် အရမ်းလည်း နာကျင်ရတယ်။တေး နာကျင်ပင်ပန်းတဲ့ အချစ်မျိုးကို မလိုချင်တော့ဘူး။မိုက်ရူးရဲဆန်ပြီးတော့လည်း ဆုပ်ကိုင်မထားချင်တော့ဘူး။ပင်ပန်းလွန်းလို့ လက်လွှတ်လိုက်တော့မယ်။တေး ထင်ထားတဲ့ အချစ်က အေးချမ်းပြီး၊ချိုမြိန်တဲ့အရာလို့လေ။ဒါပေမဲ့ အချစ်က တေးထင်ထားသလို ဟုတ်မနေဘူး။အချစ်က တေးနှလုံးသားကို သေလောက်အောင် ပူလောင်စေတယ်။ရူးသွပ်အောင် လုပ်နေတယ်။တေး မင်းသားအနားကနေ ရုန်းမထွက်ရင်၊လမ်းမခွဲရင် အနာကျင်ဆုံးဖြစ်ရမယ့်သူက တေးပဲဖြစ်လာမှာ။ဒီလောက်ဆိုရင် အကြောင်းပြချက်က ခိုင်လုံပြီလို့ ထင်တယ်  "

ချစ်ရသူလေး၏ စကားတွေက ဒီပ၏ နှလုံးသားတစ်စုံလုံးကို အရင်းကနေ ဆွဲနုတ်ခံလိုက်ရသည်အလားပင်။

" မင်းလေး အခုထပ်ပိုပြီး မခံစားရတော့အောင် ကိုယ် ကြိုးစားနေတယ်လေ။မကြာခင်မှာ ကိုယ်တို့အတွက် အေးချမ်းတဲ့ နေ့ရက်တွေ ရောက်လာတော့မှာပါ။ကိုယ့်ကို ယုံပါ တေး "

အေးချမ်းတဲ့နေ့ရက်တွေတဲ့လား။အဟင်း မင်းသား
က တေးတို့မိသားစုရဲ့အကြောင်းကို သေချာမသိရသေးတော့... ဒီလိုစကား ဒီလိုအတွေးမျိုးကို ပြောနိုင်၊တွေးနိုင်တာပေါ့။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now