"Mr.Sungငါ မင်းကို စိတ်အနှောင့်အယှက် ဖြစ်‌ေအာင်လုပ်မိရင် တောင်းပန်ပါတယ်။ နာရီဝက်အတွင်း အဆငိသငိ့်ပြင်ထားပေးပါ။ ထမင်းစားခန်းမှာ ကျွန်တော်စောင့်နေမယ်" ထို့နောက် သူသည် ကြောက်လန့်နေသော ကြွက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။

ဟန်ဘင်း က မက်သရူး ကို  သူရုတ်တရက် နမ်းလိုက်တာ ဘာမှမပြောပဲ ထွက်သွားတာကို ဝမ်းသာသွားသလို ခံစားလိုက်ရသည်။ ဆိုလိုသည်မှာ သူ မက်သရူး ကို လိုက်ဖို့အခွင့်အရေး ရှိသေးသည် ။ အတွင်းရေးမှူးအသစ်နဲ့အတူ သူ့နေ့ရက်ကို စောင့်မျှော်နေခဲ့ပါတယ်။

မက်သရူးက အခန်းတံခါးကိုပိတ်ပြီး အခန်းထဲပြန်ပြေးသွားသည်
အခန်းတံခါးကိုမှိလျက်  သူနှုတ်ခမ်းကို ထိလိုက်၊ ဟန်ဘင်၏ အနမ်းကြောင့် သူ နှလုံးခုန်သွားသည်။ဒါသူ့ရဲ့ ပထမ‌ဆုံးအနမ်းအပြင် ယောကျာ်းလေးတစ်ယောက်ဆီကမို့ ပိုရှက်သွားသည်။

"ဟင့်အင်း မဟုတ်လောက်ပါဘူး ငါနင့်ကို သဘောကျနေပြီလား။demon boss?" မကိသရူး က စိုးရိမ်တကြီးနဲ့ တိုးတိုးလေးပြောလိုက်ပါတယ်။

မက်သရူး သူ့သူငှေးမရောက်ခင် အဝတ်အစားတွေလဲပြီး ထမင်းစားခန်းထဲ ရောက်သွားတယ်။

မက်သရူး ထမင်းစားခန်းထဲဝင်လာတာမြင်တော့ "မက်သရူးမင်းက အရမ်းတော်တာပဲ၊ ငါ့အစ်ကို့ကို နှိုးဖို့ စံချိန်ကို ချိုးလိုက်ပြီ။ မင်း တစ်နာရီခွဲပဲ ကြာတယ်" အိမ်ထိန်းက ပြင်ပေးထားတဲ့ သူအကြိုက်ဆုံး ကွတ်ကီးစားရင်းနဲ့  ယူဂျင်းက အကျယ်ကြီး အော်ပြောလိုက်တယ်။

မက်သရူးက ရှက်ပြီး ကြမ်းပြင်ကို စိုက်ကြည့်နေတယ်။
ဟန်ဘင်း ဝင်လာပြီး သူ့ညီ‌‌ေလး‌ေပြာနေတာကို ကြားလိုက်ရတယ်။ မက်သရူး ကြောက်နေမှာသိလို့ ကာကွယ်ပေးဖို့လုပ်လိုက်တယ်။ မကိသရူးဆီသို့ လှမ်းလာပြီး ပခုံးကို ဖက်လိုက်ပြီး မနက်စာစားဖို့ ထမင်းစားပွဲကို လမ်းညွှန်ပေးတယ်။
ဟန်ဘင်း ၏ လှုပ်ရှားမှုကြောင့် မက်သရူး အံသြသွားပြီး ပါးစပ်တောင်မပိတ်နိုင်ဖြစ်နေတယ်။ဒါကို ဟန်ဘင်းက အခွင့်သင့်သလို မက်သရူးအား ချောကလက် ကွတ်ကီး အပိုင်းအစ ကျွေးရန် အကောင်းဆုံး အခွင့်အရေးကို တွေ့ရှိခဲ့သည်။ သူ့အစ်ကို မကိသရူးကို စွဲနေတာတွေ့တော့ ယူဂျင်း က မျက်လုံးပြူးသွားတယ်။ သူ့ရှေ့မှာ ဟန်ဘင်းကတစ်စုံတစ်ယောက်ကို အကာအကွယ်ပေးရတာ ပထမဆုံး အကြိမ်ပါပဲ။

ယူဂျင်းက အော့အန်တဲ့အမူအရာနဲ့ "ငါသွားလိုက်တာ ပိုကောင်းပါတယ်။ မဟုတ်ရင် ငါ့ရှေ့က ချစ်ငှက်လေး ၂ကောင်ကို ရွံမုန်းသွားလိမ့်မယ်" လို့ပြောလိုက်တယ်။

ယူဂျင်း ၏ ရယ်သံကြောင့် မက်သရူးသည် လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့သည်။ ဟန်ဘင်း ကို တွန်းဖယ်လိုက်ပြီး စားပွဲတစ်ဖက်စွန်းမှာ မနက်စာ ဆက်စားနေခဲ့တယ်။ ထမင်းစားချိန်တစ်လျှောက်လုံး သူ့ကို့တစ်ချိန်လုံးကြည့်‌‌ေနတဲ့ ဟန်ဘင်း၏မျက်လုံးများကို ရှောင်လိုက်သည်။ ဟန်ဘင်း က မက်သရူးကို ပြုံးပြပြီး ဆက်ကြည့်နေတယ်။ ဒီမနက်စာက ဟန်ဘင်းအတွက် ဒီနှစ်တွေအတွင်း အကောင်းဆုံး မနက်စာပါ။

❤️❤️❤️❤️❤️❤️

Do you ever regret your wish?Where stories live. Discover now