"ဘာတဲ့လဲလို့ မ​မေး​တော့ပါဘူး။ ​မောင်​တော့ အခက်​တွေ့​နေမှာပဲ"

အိမ်​နောက်​ဖေးမီးဖို​ချောင်ထဲမှ ထွက်လာစဥ်ကတည်းကပင် ​မောင်တယ်လီဖုန်း​ပြော​နေသံကို ကြားသည်။ ယခုထိတိုင် ​မောင့်အ​မေနှင့် ငြိမ်းချမ်း​ရေးမရ​သေးဘူး ထင်ပါရဲ့။ ဒါကလည်း သူ့အပြစ်မဟုတ်လား။ ​မောင်နှင့်​မောင့်မိသားစုကြား အခက်မ​တွေ့​စေလို​သော်လည်း အခက်​တွေ့​စေမိ​လေပြီ။ ​

"ဘာမှမခက်ရပါဘူး မျက်ခြယ်ရယ်။ စိတ်ရှင်းရှင်းသာ​နေပါ။ ​သူ့အလိုလိုအဆင်​ပြေသွားမှာချည်းပဲ။ ​မောင်တို့ တကူးတက​ဖြေရှင်း​နေစရာမလိုပါဘူး"

"​မောင့်မိသားစုက လက်ထပ်ပွဲမှာ မျက်နှာ​တောင်လာမပြဘူး​လေ။ ကျွန်​တော်တို့အိမ်​ထောင်​ရေးကို ​ကောင်းချီးမ​ပေးချင်တဲ့သ​ဘောပဲမဟုတ်လား။ နည်းနည်း​တော့ စိတ်မ​ကောင်းဖြစ်မိတယ် ​မောင်ရယ်"

"သူတို့​ကောင်းချီး​ပေးမှ အိမ်​ထောင်​ရေးတည်မြဲမှာမှမဟုတ်တာ။ ​မောင်တို့မှာ ​မောင်တို့ပဲလိုတယ်။ ​မောင်ကိုယ်တိုင်​တောင် ဂရုမစိုက်တာကို မျက်ခြယ်​ခေါင်းထဲထည့်မ​နေနဲ့"

Taehyungအပြုံးက ​ဖျော့​တော့​တော့။ ​မောင်က လုံးလုံးလျားလျားအ​ရေးမစိုက်တာမှမဟုတ်​လေတာ.. သူသိပ်သိတာ​ပေါ့။ ​မောင်က သူ့​ရှေ့မှာ မားမားမတ်မတ်ရှိ​နေချင်ရုံ။ 
​မောင်ရှိ​နေရုံဖြင့် သူဟာ လုံခြုံမှုကို ခံစားရပြီး ​နွေး​ထွေးပြည့်စုံသွားရသည်။ ​မောင့်အကြင်နာခွန်အားများက တန်ဖိုးကြီးလွန်းပါရဲ့။

"အင်းပါ.. ​မောင် လက်ဖက်ရည်ကြမ်း​သောက်ဦးမလား။ မ​နေ့က ​မောင့်ဧည့်သည်လာ​ပေးသွားတဲ့ လက်ဖက်​ခြောက်ပဲ"

"အင်း.. ​သောက်တာ​ပေါ့"

​မောင်နှင့် အိမ်​ထောင်ရက်သားကြားပြီး ပထမဆုံးရက်မှာတင် သိလိုက်ရသည်က ​မောင့်အလုပ်ဟာ လူများစွာနှင့် ဆက်စပ်​နေသည်ဆိုတာပင်။ မ​နေ့ကတစ်​နေ့တည်းနှင့်ပင်​ ​မောင့်ဆီ​ရောက်လာသူဧည့်သည်က နှစ်အုပ်စုသုံးအုပ်စုထက်မနည်း​ချေ။ လက်​ဆောင်ပဏ္ဏာအမျိုးမျိုးကလည်း အပုံလိုက်။ ရိုင်းရိုင်း​ပြောရလျှင်​တော့ ဒါဟာ လာဘ်ထိုးနည်းများပင်။ ကြားဖူးရုံသာကြားဖူးပြီး မကြုံဖူး​သော အရာများကို ​မောင်နှင့်မှ နဖူး​တွေ့ဒူး​တွေ့ ကြုံ​နေရပါ​တော့သည်။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now