1 : ဘယ်သူပါလဲဗျ?

Comenzar desde el principio
                                    

"" အား... ချစ်စရာကောင်းလို့သေတော့မှာပဲ ""

အူတွေယားပြီး ပါးလေးကိုဆွဲညှစ်ဖို့အလုပ်
ယူဂျင်းကမတ်တပ်ထရပ်လိုက်တာကြောင့်မညှစ်လိုက်ရ။

"" chocolate milkကောင်းကောင်းသောက်ခဲ့ရပါတယ် ကျေးဇူးတင်ပါတယ် ""

ပြောပြီးတာနဲ့ ယူဂျင်းက သူ့ကို 90° bowနဲ့ ဦးညွှတ်နှုတ်ဆက်ကာ အောက်ကိုဆင်းပြေးသွားလိုက်တာ ဂယူဗင်း လှမ်းတားဖို့တောင်မမှီလိုက်ဘူး။

"" ငါနည်းနည်းများ overဖြစ်သွားလို့လား?? ဟာ!!! ဟုတ်သားပဲ ဘယ်‌ majorကလဲဆိုတဲ့ အဓိကဟာကိုမမေးလိုက်မိဘူး သွားပါပြီကွာ!! ""

သိုပေမဲ့ ဂယူဗင်းသိပ်တော့စိတ်မပူပါဘူး။ ဘာလို့ဆို သူတို့ တက္ကသိုလ်က privateလည်း privateဖြစ်တဲ့အလျောက် နှစ်တစ်နှစ်အတွက် major တစ်ခုကိုကျောင်းသား၂၅ယောက်လောက်သာရှိတဲ့အပြင် ‌ကျောင်းပိုင်ရှင်ရဲ့တူဖြစ်သလို တစ်ချိန်က The Whole Kingဖြစ်တဲ့သူ့မှာကလည်းအပေါင်းအသင်းပေါတာကြောင့် ဘယ် majorလဲသိရဖို့က မိနစ်ပိုင်းလောက်သာလိုပါလိမ့်မည်။

- ‌hey guys!! First yearက ဟန်ယူဂျင်းကိုသိကြလား? သူကဘယ် majorကလဲ? -

ONE students gp chatထဲ သူစာပို့ထားလိုက်ပြီး သိပ်မကြာပါဘူး။ msgရာချီ ဝင်လာတော့သည်။

- ဟန်ယူဂျင်း? ဘယ်သူ? -

- ကြားဖူးသလိုပဲ -

- အာ သိတယ် သိတယ်
တအားငြိမ်တဲ့တစ်ယောက် -

- ငြိမ်တာထက်အဖက်မလုပ်တာပါကွာ -

- ဟန်ယူဂျင်းက ကျွန်မတို့မေဂျာကပဲ အရမ်းမာနကြီးတာ စီနီယာရဲ့ -

- ဟုတ်တယ် ဟုတ်တယ် တစ်နေ့လုံးနေမှ စကားတစ်ခွန်းတောင်ပြောချင်မှပြောတာ -

- ပြောပြဦးမယ် ကျောင်းစတက်တုန်းက ငါသူ့ဘေးမှာထိုင်တာလေ ငါ့ကိုယ်ငါမိတ်ဆက်လည်းသူကခပ်တည်တည်ပဲ နောက်နေ့ငါနဲ့မျက်နှာချင်းဆိုင်တွေ့တာတောင် ငါ့မှာတော့ပြုံးပြလိုက်ရတာ သူကမမြင်ချင်ယောင်ဆောင်သွားတယ်လေ အဲ့ကတည်းကသူ့ဘေးမှာသွားမထိုင်တော့တာ -

- ဝိုး တကယ်အဲ့လိုကြီးလား -

ပို့ထားသမျှစာတွေကိုဖတ်ပြီး ဂယူဗင်းစိတ်ပျက်လာသည်။ သူက majorလေးပဲမေးမိရုံကို ဟန်ယူဂျင်းရဲ့အတင်းပြောဖို့အတွက်topicဖန်တီးပေးလိုက်သလိုကိုဖြစ်သွားတော့တာပဲ။ ပြောထားသမျှတွေကလည်း ယုတ္တိမရှိတာတွေချည်း။

Dearest : Baby Yujinnie Donde viven las historias. Descúbrelo ahora