1 : ဘယ်သူပါလဲဗျ?

Start from the beginning
                                    

"" သောက်မလား ""

သူလှမ်းမေးလိုက်တော့
ကောင်လေးကဟန်တောင်မဆောင်ဘဲ
ခေါင်းညိမ့်ပြလာပါသည်။

"" ရော့ ""

သူပေးလိုက်တဲ့ chocolate milkလေးအား
အားရပါးရသောက်နေတဲ့ ထိုကောင်လေးကိုကြည့်ရင်းဂယူဗင်းနှုတ်ခမ်းတွေအလိုလိုကွေးတက်သွားခဲ့သည်။

"" ဟန်ယူဂျင်း ""

ရင်ဘတ်မှာတပ်ထားတဲ့ name tagလေးကို
ဘာရယ်မဟုတ်အသံထွက်ပြီးဖတ်လိုက်မိတော့...ထိုကောင်လေးကသူ့ကိုလှည့်ကြည့်လာသည်။

"" ဗျာ? ""

"" First yearကလား? ""

"" ဟုတ် ""

"" ထူးဆန်းလိုက်တာ... ကိုယ် First yearကလူတွေအကုန်လုံးကိုသိပေမဲ့ မင်းကိုတော့အခုမှမြင်ဖူးတာပဲ.. Fresher welcomeတုန်းကမလာခဲ့ဘူးလား? ""

"" ဟုတ် ""

"" ဪ အဲ့ဒါကြောင့်ကိုး.. ဘာပဲဖြစ်ဖြစ်ပါလေ..အခုသိရပြီပဲဟာ.. ကိုယ့်နာမည်ကဂင်ဂယူဗင်း.. Third year,Computer Animation Majorက.. ""

"" ဟုတ် ""

သူဘာပြောပြော တဟုတ်ဟုတ်နဲ့ခေါင်းညိမ့်နေတာလေးကိုကြည့်ပြီးဂယူဗင်းအသည်းယားလာကာစိတ်ထဲကအတွေးတွေကိုအပြင်ထုတ်ပြောမိသည်။

"" ချစ်စရာလေး ""

"" ဗျာ? ""

အူကြောင်ကြောင်လေးနဲ့သူ့ကိုသေချာကြည့်နေတဲ့ ယူဂျင်းကိုပြုံးပြရင်း ဂယူဗင်း ခပ်တည်တည်နဲ့ထပ်ပြောလိုက်သည်။

"" ဒါနဲ့ MBTIက CUTE လား? နှမြောစရာပဲ
တကယ်တမ်းက MINE ဖြစ်ရမှာကို.. ""

ဒီတစ်ခါတော့ ယူဂျင်းကဘာအသံမှမထွက်ဘဲ သူ့ကိုခေါင်းလေးစောင်းပြီးနားမလည်သလိုကြောင်ကြည့်နေသည်။

ဒီတစ်ခါတော့ ယူဂျင်းကဘာအသံမှမထွက်ဘဲ သူ့ကိုခေါင်းလေးစောင်းပြီးနားမလည်သလိုကြောင်ကြည့်နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Dearest : Baby Yujinnie Where stories live. Discover now