1 : ဘယ်သူပါလဲဗျ?

2.2K 159 17
                                    

ONE private university၏ခေါင်မိုးထပ် လသာဆောင်တွင်ဖြစ်သည်။

စာသင်ချိန်တစ်ချိန်လစ်လာတဲ့
ဂယူဗင်းတစ်ယောက် headphonesကိုတပ်ကာ
နံရံကိုမှီထိုင်ရင်း မျက်စိမှိတ်ထားဖြစ်သည်။

သူမလိုချင်တဲ့ majorကိုယူထားရပြီး
ကျောင်းပိုင်ရှင်ရဲ့တူဆိုတဲ့ဂုဏ်နဲ့အမြဲတမ်းအမှတ်ကောင်းအောင်ကြိုးစားနေရတဲ့ဂယူဗင်းအဖို့ အခုလိုဘယ်သူမှမရှိတဲ့နေရာမှာ သီချင်းလေးနားထောင်ရင်း မှိန်းနေရတာက ဘာနဲ့မှမလဲနိုင်တဲ့နိဗ္ဗာန်ဘုံပါပဲ။

အဲ့လိုဖြစ်အောင်လည်း လသာဆောင်ကိုဘယ်သူမှမလာရဲအောင် တစ်ချိန်က လသာဆောင်ကနေခုန်ချပြီးသတ်သေသွားတဲ့စီနီယာအကြောင်းကို သူကိုယ်တိုင် လုပ်ကြံသတင်းဖွခဲ့တာမဟုတ်ပါလား။

တယ်ဉာဏ်ကောင်းတဲ့ငါ!

စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းဖွင့်နေတုန်းမှာပဲ သူ့အနားကိုပြေးလာပုံရတဲ့ ခြေသံတစ်သံကိုကြားလိုက်ရရုံတင်မကဘဲ ဟောဟဲလိုက်နေတဲ့ အသက်ရှူသံပြင်းပြင်းတွေကိုပါကြားလာရတာကြောင့် ဂယူဗင်းစိတ်ရှုပ်စွာမျက်မှောင်ကျုံ့မိရင်းမျက်လုံးဖွင့်အကြည့်....

ဖြတ်တိုက်လာတဲ့လေနုအေးလေးနဲ့အတူ
မြင်လိုက်ရတဲ့မျက်နှာနုနုလေးဟာဂယူဗင်းရဲ့ကမ္ဘာကြီးကိုမိနစ်ပိုင်းလောက်ရပ်တန့်သွားစေတဲ့အထိမြတ်နိုးဖွယ်ရာကောင်းလွန်းခဲ့သည်။

ထိုစဥ် အဲ့ဒီမျက်နှာနုနုပိုင်ရှင်ကောင်လေးကလည်းသူ့ကိုလှည့်အကြည့်.. နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြတဲ့တခဏမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲheadphonesကနေတဆင့်ပျံ့လွင့်လာတဲ့သီချင်းစာသားလေးက " In the midst of the crowds..In the shapes in the clouds..I don't see nobody but you " ပါတဲ့။

In my rose-tinted dreams...Wrinkled silk on my sheets...I don't see nobody but you....

Boy, you got me hooked onto something
Who could say that they saw us coming?
Tell me..Do you feel the love?

ဆက်ကြားနေရတဲ့ သီချင်းစာသားတွေနဲ့အတူ
မြင်မြင်ချင်းအချစ်ဆိုတာတကယ်ရှိတဲ့အကြောင်း ဂယူဗင်းကောင်းကောင်းကြီးသဘောပေါက်သွားခဲ့ရသည်။

သူဆက်ငေးတုန်းမှာပဲ ကောင်လေးဘက်ကအရင်အကြည့်လွှဲသွားပြီး သူသောက်ဖို့ဘေးမှာချထားတဲ့ chocolate milkလေးကိုစိုက်ကြည့်နေတာကြောင့်...

Dearest : Baby Yujinnie Where stories live. Discover now