အချိန်ယူပြီးကုသရမယ့် အနေအထားပါ "

သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် ထိုမိန်းမရဲ့ မျက်လုံးတွေဟာ အရည်ကြည်တွေရစ်ဝိုင်းလာပေမယ့် စိတ်ထိန်းထားဟန်အသွင်အပြင်ဟာ သနားစရာပင်ကောင်းနေတော့သည်။

" ဟုတ်ကဲ့ "

"ကျွန်တော်တို့ဆေးရုံမှာက အဲ့ဒီခွဲစိတ်မှုတွေကို မလုပ်နိုင်ဘူး အဲ့ဒီတော့ အစ်မတို့ကို မန္တလေးပြည်သူ့ဆေးရုံကို လွှဲပေးမယ်  ဆေးရုံသွားတက်ရမယ်   အဲ့ဒါလေး ပြောချင်တာပါ  "

" ဟိုလေ ဆရာ  အဲ့ဒီကို သွားရင် ကုန်ကျစရိတ်က များနိုင်လား ဒီမှာပဲ ကုလို့မရဘူးလား  "

ဖန်တရာတေအောင်ကြားနေရမြဲ စကားတစ်ခွန်းမို့ မထူးဆန်းပေမယ့် လူနာဘက်က. အခက်အခဲရှိနေကြောင်း ထည့်စဥ်းစားရပေတော့မည်။

" ကုန်ကျစားရိတ်က လူနာရဲ့ ခွဲစိတ်ရတဲ့အပေါ်မူတည်လိမ့်မယ်  ခွဲစိတ်ခန်းခ ၊ အခန်းခ ဘာညာ ပေးစရာမလိုပေမယ့်   ဆေးရုံမှာမရှိတဲ့ဆေးတွေဝယ်ရတာမျိုး၊ ပြီးတော့ လူနာစောင့်တွေရဲ့ စားစရိတ် ကုန်ကျမှုတွေရှိမယ်

ပြီးတော့ ခွဲစိတ်မှုက တစ်ခါတည်းနဲ့ ပြီးသွားမှာတော့မဟုတ်ဘူး  ဘယ်နှစ်ကြိမ်လောက်လုပ်ရမလဲ လည်း ဆရာတော့ သေချာမပြောနိုင်သေးဘူး  ခွဲစိတ်မှုရလာဒ်နဲ့ လူနာအခြေအနေပေါ်မူတည်လိမ့်မယ်  "

လူနာစောင့်ဟာ ခဏလောက်ငြိမ်သက်သွားပြီး တိုးလျသောလေသံနဲ့ ပြောလာသည်။

" အခုချက်ချင်းမသွားလို့ရော ရသေးလားဆရာ  ပိုက်ဆံကမလွယ်တော့ ရှာရဖွေရဦးမယ်  "

ရှာရဖွေရဦးမယ်ဟု စကားအလှသုံးကာ ပြောနေပေမယ့်  ပိုက်ဆံချေးပေးမယ့်သူ သွားရှာလိုက်ဦးမယ် ဆိုသည့်သဘောပင်။

" ဖြစ်နိုင်ရင်တော့ ဒီနေ့ သွားစေချင်တယ်  လူနာလည်း ခံရတဲ့ ဝေဒနါက မသေးဘူးလေ    သွားဖို့အတွက်တော့ ပရဟိတကား နဲ့ ကျွန်တော်တို့ ချိတ်ဆက်ပေးပါ့မယ်  "

" ဟုတ်ကဲ့ ဆရာ  "

လူနာစောင့်ထွက်သွားတော့မှ  တာဝန်ကျ ဆရာမတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now