Unicode

676 100 11
                                    

'' ti ti ti ti dee.. ''

အခန်းရဲ့ password ကိုရိုက်ထည့်ပြီး အခန်းအတွင်းကိုဝင်လာတော့ နေရာအကျယ်အဝန်းက တစ်ယောက်ထဲအတွက် ပိုကျယ်နေကြောင်း Matthew သတိထားလိုက်မိသည် ။ ဘေစင်မှာ ရေစက်ကျနေတာကိုမြင်တော့ အခန်းဖော်တစ်ယောက်နဲ့အတူပါ နေရမည်ဆိုတာကို သဘောပေါက်လိုက်မိ၏။

ထိုအစဥ် အခန်းထဲကထွက်လာတဲ့လူကို မြင်တော့ အံ့ဩသွားသည်။ ရှေ့လျောက်ဘယ်လိုဖြစ်လာဦးမှာလဲလို့ Matthew စိတ်ကူးထဲ ရေရွတ်လိုက်မိသည် ။

'' Anyeonhaseyo Seok Matthew ​တွေ့ရတာဝမ်းသာပါတယ် ကိုယ်ကမင်းရဲ့အခန်းဖော် Sung Hanbin ပါ ရှေ့လျောက် ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်လာမယ်လို့ မျှော်လင့်ပါတယ် ''

'' ဆက်ဆံရေးကောင်းမွန်လာစရာတော့ရှိမယ်မထင်ပါဘူး ကျွန်တော်က တသီးတသန့်နေတတ်တာမလို့ ကျွန်တော့်ကို အဲ့ဘက်ကအခန်းဖော်က အနှောင့်အယှက် မပေးဖို့မျှော်လင့်ပါတယ် ဒါဆို ကျွန်တော်ပစ္စည်းတွေ နေရာချလိုက်ပါဦးမယ် "

Matthew ခုနက Hanbin ထွက်လာတဲ့အခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကိုဝင်လာလိုက်သည် ။ ဒီလူကိုကြည့်မရပါဘူးဆိုမှ ဘာလို့ဒီလူနဲ့မှအခန်းဖော်လာဖြစ်နေရတာလဲလို့ ကိုယ့်ကံကြမ္မာကိုသာ အပြစ်တင်နေမိသည်။

💛

အခန်းထဲသို့ ဝင်သွားသော Matthew ကိုကြည့်ရင်း ဒီကောင်လေးကိုယ့်အပေါ်ဘာကြောင့်အမြင်မကြည်ရတာလဲလို့ Hanbin တွေးမိသည် ။ သူနဲ့ကိုယ်က ပြိုင်ဘက်တွေလဲ မဟုတ်ပါဘဲ စိတ်ဆိုးစရာကိစ္စလဲမရှိပါဘဲ ဒီလိုဖြစ်နေရလဲဆိုတာ နားမလည်နိုင်ဖြစ်နေရသည် ။ သူ့ဘက်က ဘယ်လိုမျိုးကိစ္စတွေရှိလဲမသိပေမယ့် ကိုယ့်ဘက်ကတော့ ကိစ္စလေးရှိသည် ။

အချစ်အကြောင်းတွေးမိတော့ အပြုံးလေးတွေကတောင်အသက်ဝင်လာတယ် ။

Flashback start...

လွန်ခဲ့သည့် 2လ ကဖြစ်သည် ။

'' Sung Hnabin မင်းရူးနေလား ဘာလို့ငါ့entကိုလာချင်နေရတာလဲ ''

'' မင်းကလဲ ငါ့ကိုစာချုပ်ချုပ်စမ်းပါ ငါကနာမည်ကြီးနော် နောင်တရသွားမယ် ''

'' မင်းဘာဖြစ်နေတာလဲ အရင်ပြော ''

'' ဘာမှမဖြစ်ဘူး မင်းနဲ့မခွဲနိုင်လို့ပေါ့ Keita ကလဲ... ''

My Bias's Ex Became Mine!  [one shot]Where stories live. Discover now