Jade(1)

55 1 0
                                        

အော် အီး... အီး... အွတ်

တောက် တောက် တောက် တောက်
တောက်တောက်တောက်
အဆက်မပြတ်ဆက်တိုက်မြည်လာသော
ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ

အော ဘုန်းကြီးကျောင်းကအုန်းမောင်းတောင်ခေါက်ပီပဲ....

အမလေး ကျွတ်ကျွတ်ကျွတ်ကျွတ်
အနိစ္စ၊ဒုက္ခ၊အနတ္တပါဘုရား

ဖွား.......
တားရောထရမှာလား

အိပ်အိပ် မြေးလေးကအိပ်
အပြင်မှာအေးစက်နေတာပဲ မထနဲ့နော်
ဖွားနှိုးမယ်
ဟုတ်ပီလား
ဟုတ်...ဖွား

စောင်လေးကိုရင်ဘက်ထိဆဲွဲခြုံထား

မိုးသောက်အလင်းစနဲ့အတူ နှင်းစက်လေးတွေတွဲလဲခိုနေသော မြက်ခင်းပြင်လေး
တစ်ချို့သော ပိုးကောင်လေးများသည်
မြက်ပင်ပုလေးများအား မှီခိုကာ သူတို့အိမ်လေးအားဆောက်ထားရာ နေရောင်အောက်တွင်အထင်းသား....
နှင်းစက်ရေပေါက်လေးတွေသည်
ပိုးကောင်လေးတွေအိမ်အမိုးပေါ်၌ဖြူဖွေးစွာ
ပသာဒရှိနေလေရဲ့....

ခစ်..ခစ်...ခစ်
ဖွား..အထု တားထိလိုက်တာ
ဟောဒီ့ပန်းပင်လေးအိပ်သွားပီ
လက်ဖဝါးနှစ်ဖက်အား နားရွက်ထံသို့ပူးကပ်ကာ အိပ်သည့်ပုံစံကိုဖော်ပြနေသောကလေးငယ် ထိကရုံးပင်လေးတွေအိပ်သွားတာကို
သဘောကျနေလေရဲ့

မြေးလေး အောက်ကအေးတယ်
လာ လာဖိနပ်လေးစီးထား
မျက်နှာသစ်ပီး လာတော့နော်

ယာပီ ဖွား ဖွား

ဟော ဖွားပြုံးတို့ဆိုင်တောင်ဖွင့်နေပီပဲ
အေးကွယ်သားရယ်
ဘယ်ချိန်ရှိနေပီတုန်း
နေပဲမြင့်နေပီလေ....

ဟုတ်တယ်ဖွားပြုံး..သွားဦးမယ်နော့်

ကြီးမေ...
အေး သမီး
သမီးကိုအကြော်၅၀၀ဖိုးလောက်
ယူလေ သမီး ငါ့သမီးကြိုက်တာယူသွား
ဒါ တို့ဟူးကြော်လားကြီးမေ
ဟုတ်တယ် သမီး..

နွေလင်း လေးတောင်တော်တော်ကြီးလာပီနော် ကြီးမေ
ဟုတ်ပါ့တော်

မြေးလေး တီတီ့ကိုနှုတ်ဆက်လိုက်ဦးလေ

ဖွားပြုံးရင်ခွင်ထဲ ပုံ့ပုံ့လေးထိုင်နေသော
အသားဖွေးဖွေး နှုတ်ခမ်းဖူးဖူးလေးနဲ့ကလေးငယ်....

JadeWhere stories live. Discover now