"တောင်းပန်ပါတယ်...မွန်လေးကြောင့်ဆိုပေမဲ့ အစ်ကို့အမှားလည်းပါခဲ့တယ် မွန်လေးအစားရော၊အစ်ကို့အစားပါ တောင်းပန်ပါတယ်"

အရင်တုန်းက သူ့ကိုဝိုင်းလိမ်ခဲ့ရမလားဆိုပြီး စိတ်ဆိုးခဲ့မိတာ။ သေချာပြန်စဉ်းစားမိရင် သူညံ့ခဲ့တာမှန်း သိသာသည်။ ရေးထားတဲ့စာနဲ့အနှစ်ရဲ့ခံစားချက်က ကွဲပြားနေသည်။ သူ အချစ်စိတ်မှာ မွှန်ထူပြီးအချစ်‌နောက်လိုက်သွားမိတယ်ဆိုပါတော့။ အရင်ကလည်းရိပ်မိခဲ့လိမ့်မည်။ သူရင်ဆိုင်ဖို့ သတ္တိပျောက်ဆုံးနေခဲ့တာဖြစ်မည်။

"အချစ်လေး တီတီ့ဆီကို လွှတ်လိုက်..."

ဆေးရုံဝန်းထဲမှာ မွန်လေးနှင့် အချစ်က စွန်လွှတ်နေသည်။ နှစ်ပတ်လောက်ကြာမှ မွန်လေးလမ်းလျှောက်လို့အဆင်ပြေလာတာမို့ အခုမှဆော့နေကြသည်။ ဘေးနားမှာ ကိုမင်းထက်နဲ့တံတိုင်းတည်တံ့က ထိုင်ကြည့်နေကြသည်။

"အာ တီတီ့ဘက်ကိုလွှတ်ရမှာပါဆို"

"ခစ် ခစ်"

"အချစ်လေး..."

စွန်မလွှတ်တတ်သည့် အချစ်လေးကို မွန်လေးက ဆူပုတ်ပုတ်နဲ့စိတ်ဆိုးသည်။ သို့‌သော် အချစ်လေးက မွန်လေးအမူအရာကို သဘောကျပြီးရယ်သည်။ ပြီးနောက်တစ်‌ယောက်နဲ့တစ်ယောက်လိုက်ကြသည်။ မွန်လေးက အခုမှ လမ်းလျှောက်လို့ရခါစဆိုတော့ တအားပြေးလို့မရ။ ထို့ကြောင့် ကလေးဖြစ်တဲ့အချစ်ခြေလှမ်းကိုပင်မမီနိုင်။

"အာ! သူလား မင်းထက်နဲ့‌စေ့စပ်ပွဲပျက်တဲ့သူက..."

"အင်း"

"အချစ်လေးက အနှစ်သာရရဲ့သမီး၊ မင်းထက်က အနှစ်သာရရဲ့အစ်ကိုအရင်း၊ ရည်ရွယ်မွန်က စေ့စပ်သူအဟောင်း"

"အင်း..."

"ဝါး...ဒါကြောင့် မင်းထက်နဲ့စက်ဝန်းအရမ်းရင်းနှီးနေပါတယ်လို့တွေးနေတာ ဒါကြောင့်ပဲ"

"မအံ့ဩဘူးလား"

"အံ့ဩတယ်လေ အခု တည်တံ့မျက်နှာမှာ အံ့ဩရိပ်တွေစွန်းထင်နေတာ မတွေ့ဘူးလား"

"မတွေ့ဘူး ငါမင်းမျက်နှာကိုကြည့်နေတာမှမဟုတ်တာ"

မင်းထက်စကားကြောင့် တည်တံ့က သူ့ရဲ့မျက်နှာကို ဆွဲယူကာ ဘေးတိုက်မှမျက်နှာချင်းဆိုင်စေသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now