အပိုင်း(၁)

451 31 11
                                    

Uni
_____

တစ်စ တစ်စ နေရာယူလာတဲ့
မိုးစက်တွေက မြေပြင်ပေါ် ကြွေကျနေတဲ့
စိန်ပန်းနီနီတို့အပေါ် စိုစွတ် ကုန်သည်။
ညို့မှိုင်းနေတဲ့ ကောင်းကင်ဟာ
အငြိုးတကြီး ရွာချမည့်ပုံ
ငေးမောနေသော မျက်ဝန်းနက်နက်တွေဟာ
ဘာကြောင့်များနားကျည်းရိပ်တို့သန်းနေပါသလဲ

"မာယာ အဝတ်တွေ ကူသိမ်းပါအုံး"

"လာပါပြီဆို အမြဲအော်ခေါ်နေတော့တာဘဲ"

စိန်ပန်းပင်ကို ငေးနေတဲ့ မိန်းမဟာ
မိခင်ကြားရလောက်အောင်လည်း မကျယ်သော
အသံဖြင့် ခပ်တိုးတိုးဆိုလာသည်။
စီးထားတဲ့ ကတ္တီပါ ဖိနပ်အဟောင်းလေးကို
အိမ်နောက်ဖေးအပေါက်မှာဘဲ ချွတ်ထားခဲ့ပြီး
မေမေ့ရဲ့ စိတ်တော်လေး မငြိုးအောင်
အဝတ်တွေလှန်းတဲ့ အပေါ်ထပ်ကို
အမြန်ပြေးရသည်။

"ရော့ မေမေ့ အဝတ်တွေ"

"ညည်းမလဲနော် တစ်နေ့ တစ်နေ့ တမှိုင်မှိုင်တထွေထွေနဲ့ ညည်း ကြည့်ပြီး ငါပါ ရူးတော့မှာ"

"တစ်ကယ်တည်း ...! မေမေတို့က မာယာဘာသာ နေတာကိုလိုက်ဆူနေတော့တာ ဘဲ"

မာယာ ဟာ မိခင်လက်ထဲ မခြောက်သေးသော
အဝတ် မစိုတစို တွေကို လွဲပေးပြီးတာနဲ့
မကျေမချမ်းပြောကာ ဧည့်ခန်းရှိ ဆိုဖာထက်
ဆောင့်ဆောင့်အောင့်အောင့် ဝင်ထိုင်သည်။
ဘယ်လောက်တောင် သတိမမူ မိလည်းဆိုရင်
သူဟာ ဖေဖေ့ဘေးမှာ ထိုင်စာရေးနေတဲ့
ကလေးမလေးတစ်ယောက်ကို
မမြင်သည်အထိ

"အဲတော် ..."

တိမ်လွှာ မြင့်မိုရ် ဟာ သူ့ရှေ့ကနေ
ယခုမှ သူ့ကို တွေ့ပုံပေါ်တဲ့ အမျိုးသမီးအား
ကြည့်ကာ
ပြုံးပင် မပြနိုင် မဟူရာမျက်ဝန်းနက်နက်တွေဟာ
အကြည့်မလွဲ နိုင်အောင် ဆွဲဆောင်လွန်းသည်။
ဘယ်လိုပြောရမလဲ ဖြစ်ချင်ရာဖြစ်
စိတ်လိုလက်ရ ခုန်ချပလိုက်ချင်တဲ့
ပင်လယ်လှလှလေးနဲ့တူသည်။

"ဖေဖေဒါဖေဖေဟိုတစ်ခါပြောတဲ့
ကလေးမလေး မလား"

"ဟုတ်တယ် ရောက်နေတာတောင်တော်တော်ကြာပြီ"

"အော်..."

မရယ်မပြုံး မျက်နှာကလေးနဲ့ စိုက်ကြည့်ခံလိုက်ရတော့ တိမ်လွှာ လွင့်ထွက်ချင်နေတဲ့ စိတ်ဝိဉာဉ်
ကလေးကို အလောတကော မောဟိုက်စွာ
ပြန်ဆွဲထားလိုက်ရသည်။
အော်ခနဲ ရေရွတ်သွားတဲ့လူက တိမ်လွှာမြင့်မိုရ်
အားအချိန်ကြာမြင့်စွာ ရှုစားခွင့် မပေး
မျက်နှာလှလှလေးကို တစ်ဖက်လှည့်သွားသည်။

ᴍᴀʀ ʏᴀʀ Where stories live. Discover now