"ဒါပေမယ့် ဘာဖြစ်လဲ ဒန်ယျူးက ရှင်နဲ့လက်ထပ်ထားခဲ့ကြောင်း သက်သေပြလို့ရသေးတာပဲ...ဒါဆိုရင် ဒန်နာရီက ရှင့်ရဲ့အုပ်ထိန်းမှုအောက်မှာရှိနေသေးတယ်မလား" ကလီနာအကြံကြောင့် ချာမက်လက်စ်ဟာစိတ်ပျက်စွာခေါင်းခါလိုက်သည်၊ သူနဲ့ဒန်ယျူးက ဘယ်တုန်းကမှ လက်မထပ်ခဲ့ပဲ ဒန်ယျူးက သဘောမတူခဲ့တာကြောင့် အနောက်ဘက်အခြမ်းမှာ အကျယ်ချုပ်ချုပ်နှောင်ထားခြင်းဖြစ်သည်၊ပုံမှန်ဆိုရင် ဒန်ယျူးကို ချုပ်နှောင်ထားရတာ ခက်ခဲပေမယ့် ဒန်နာရီကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ဒန်ယျူးကထူးဆန်းစွာ သာမန်လူတစ်ယောက်လိုဖြစ်နေတဲ့အချက်ကို ချာမက်လက်စ်က ရိပ်မိသွားခဲ့သည်၊ဒန်ယျူးက ဒန်နာရီကိုမွေးဖွားပေးပြီးတာနဲ့ အတင်းလက်ထပ်ရန် စီစဉ်ခဲ့သော်လည်း ဒန်ယျူးက ပျောက်ကွယ်သွားခဲ့သည်၊
ဒါကြောင့် တရားဥပဒေအရဆိုရင် ချာမက်လက်စ်နဲ့ဒန်နာရီဟာ ဦးလေးနဲ့တူ တော်စပ်မှုထက်မပိုပေ၊ပြီးတော့ ဒန်နာရီအပေါ် ကောင်းမွန်စွာမဆက်ဆံမိတာကြောင့်​ ကလေးဘက်ကရွေးချယ်ရင်တောင် ချာမက်လက်စ်တို့ဟာ နိုင်လိမ့်မည်မဟုတ်ပေ၊
"ငါတို့ကို မက်စ်က ဖိတ်ကြားထားတယ် ပြီးတော့ မင်းသား(၈)နဲ့ဒန်နာရီတို့စေ့စပ်ပွဲဆိုတော့ ငါတို့မတက်ရောက်လို့မကောင်းဘူး" ချာမက်လက်စ်စကားကြောင့် ကလီနာဟာ မကျေနပ်စွာ ညည်းညူလိုက်သည်၊ထိုမျိုးမစစ်လေးရဲ့ပွဲကို သူမတက်ရောက်ရလိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူးပေ၊
"အဲ့ကောင်လေးကို မင်းသား(၈)က တစ်ချိန်ချိန်မှာ စွန့်ပစ်သွားဖို့မျှော်လင့်တယ်" ကလီနာဟာ မကျေနပ်စွာပြောလိုက်သည်၊မင်းသားတစ်ပါးရဲ့ဂုဏ်ပုဒ်အဆင့်အတန်းဟာ မြင့်မားသလို ဒီနှစ်တွေကြားထဲမှာ မင်းသား(၈)ရဲ့အရည်အချင်းဟာ အင်ပါယာမှာကျော်ကြားလှသည်၊ကလီနာဟာ မင်းသားဂျော့ဖရေးကို သဘောမကျလှသော်လည်း မင်းသားဂျော့ဖရေးလို စွမ်းအားလည်းကြီးပြီး နောက်ခံလည်းတောင့်တင်းလှတဲ့လူမျိုးကို ဒန်နာရီလိုလူမျိုးနဲ့မပတ်သတ်စေချင်တာ အမှန်ပေ၊
"မနက်ဖြန်ပွဲမှာ အန်ဒီးယားကိုပါ ခေါ်သွားကြတာပေါ့ " ကလီနာဟာ ပြောလိုက်ပြီးကောက်ကျစ်စွာပြုံးလိုက်သည်၊သူမရဲ့သားဟာ အရွယ်ရောက်လာလေလေ နှင်းပန်းလေးလိုလှပလာဖြစ်တာကြောင့် လူတိုင်းငေးမောသွားတတ်တာကို အမြဲတစေဂုဏ်ယူမိသည်၊ဒါကြောင့် မင်းသားဂျော့ဖရေးသာ သူမရဲ့သားကို မြင်ရင် သဘောမကျစရာအကြောင်းမရှိပေ၊