"မြို့စားမင်းရက်စ်ထရစ်က ဖိတ်ခေါ်ထားတယ် ပြီးတော့ မှော်အဖွဲ့အစည်းရဲ့ပင်မအဖွဲ့တွေက အင်ပါယာတိုင်းမှာ တစ်စုံတစ်ယောက်ကိုရှာဖွေနေတယ်လို့ သတင်းရတယ်... ဒါကြောင့် မြို့စားမင်းရက်စ်ထရစ်က ကလေးကို လာဖို့ အဓိကမှာကြားပြီးဖိတ်ခေါ်လိုက်တာပဲ" မက်စ်စကားကြောင့် ဒန်နာရီအနည်းငယ်တွေးတောလိုက်သည်၊ဘာကြောင့်မှန်းမသိပေမယ့် သူ့စိတ်ထဲ အနည်းငယ်လေးပင်နေသလိုခံစားရသည်၊
"စိတ်မပူပါနဲ့ ဒယ်ဒီက မင်းနဲ့လိုက်ပေးမှာပါ" မက်စ်ဟာ ဒန်နာရီရဲ့စိုးရိမ်ပူပန်နေတဲ့အမူအရာကြောင့် ဒန်နာရီရဲ့ခေါင်းကို ဖွဖွလေးပုတ်ရင်းပြောလိုက်သည်၊ဒန်နာရီက ပြုံးလိုက်ပြီးနောက်မှာ တစ်ခုခုသတိရသွားဟန်ဖြင့် သူ့ဖခင်အားကြည့်ရင်းပြောလိုက်သည်၊
"ကျွန်တော် သဲလွန်စတချို့ကို ရရှိခဲ့တယ်...အမေနဲ့ပတ်သတ်ပြီးတော့လေ" ဒန်နာရီက သူသိခဲ့တဲ့အကြောင်းအရာတွေကို မက်စ်အားပြောပြလိုက်သည်၊
"မင်းအမေက မင်းကိုမွေးပြီးနောက်မှာ အခြားတစ်နေရာကို ထွက်သွားခဲ့တယ်...ပြီးတော့ မင်းအမေက အမြဲပြောတယ် သူက တစ်ချိန်ချိန်မှာထွက်သွားရမယ်ဆိုတာကို" မက်စ်ရဲ့စကားကြောင့် ဒန်နာရီတိတ်ဆိတ်သွားတော့သည်၊ဒန်နာရီလည်း သူ့ရဲ့မိခင်က ဆန်းကျယ်လွန်းတာနားလည်လှသည်၊သူ့မိခင်က သောတပိုင်တောအုပ်ကနေလာတယ်ထင်ရပေမယ့် ရေးလ်ရဲ့စကားအရဆိုရင် သူ့မိခင်နဲ့ပတ်သတ်တဲ့အချက်အလက်တွေမရှိပေ၊အီဆိုနာနယ်မြေရဲ့ဂိတ်ဝနဲ့ပတ်သတ်ပြီး သေးငယ်တဲ့သဲလွန်စလေးသာရခဲ့သည်၊
ကြည့်ရတာ သူ့မိခင်နဲ့ပတ်သတ်တာကို သိရဖို့ အတော်ကိုအလှမ်းဝေးသေးပုံရသည်၊ဒါကြောင့် လက်ရှိချိန်မှာ လက်ရှိပြဿနာတွေကိုဖြေရှင်းဖို့သာ လုပ်ရလိမ့်မည်၊
ယူနိုရက်စ်မြို့တော်ရဲ့​မြို့စားမင်းအိမ်တော်ရောက်ချိန်မှာ ဒန်နာရီက အန်နာရဲ့အခန်းထဲကိုသွားတော့သည်၊အန်နာဟာ ဒန်နာရီထားခဲ့တဲ့အတိုင်း အလင်းဂူထဲမှာ ရှိနေသေးပြီး အိပ်စက်နေတုန်းပင်၊ဒန်နာရီက မျက်ရည်ပုလဲ(အလင်းပုလဲ)ကို ထုတ်ယူလိုက်ပြီး အလင်းဂူကို ဖယ်ရှားလိုက်သည်၊ထို့နောက်မှာတော့ မျက်ရည်ပုလဲကို အန်နာနဖူးနားမှာ ပို့လိုက်ပြီး စတင်ကုသနေတော့သည်၊