Diary 1

192 9 2
                                        


moments that look like forever

အချစ်ဦးက ပူလောင်နေတဲ့နွေရာသီမှာ ဖြတ်တိုက်သွားတဲ့ လေပြေလေညင်းလေးလို အေးချမ်းတဲ့ဖြစ်တည်မှုမျိုးနဲ့ ဘဝထဲကို စရောက်လာခဲ့တယ်

အဲ့နေ့က သူမမိဘတွေ စကားများနေကြလို့ အိမ်ကထွက်လာပြီး မြစ်ဘေးမှာ အကြာကြီးသွားထိုင်ခဲ့တဲ့နေ့

"ဒီမှာ ထိုင်လို့ရမလား"

သူမထိုင်နေသောခုံရဲ့ ဘေးနေရာအလွတ်ကို ကြည့်ပြီး မေးလာသောသူ... လက်ထဲမှာလည်း painting easelရယ်၊ စုတ်တံတွေရယ်နဲ့

မသိသောသူများနဲ့ စကားကို လေးလုံးကွဲအောင်မပြောတတ်သော‌ကြောင့် ခေါင်းသာ ညိတ်ပြ၍ ဘေးဘက်ကို နည်းနည်းထပ်တိုးပေးလိုက်သည်

"ကျေးဇူးပဲ"

ကျေးဇူးတင်စကားကို မျက်လုံးနှစ်ဖက်လုံး မှိတ်အောင်ပြုံးပြပြီး ပြောလာသည်

eye smileတွေရှိတာပဲ

ထိုသူကတော့ ရှေ့တွင်မြင်နေရသော လှိုင်းကြက်ခွပ်လေးများနှင့် ကန်ရေပြင်ပုံကို စိတ်နစ်ရေးဆွဲနေပြီး သူမကတော့ လေတိုးသံများနှင့် လှိုင်းကြက်ခွပ်သံများကို မျက်လုံးမှိတ်၍ နားထောင်နေမိသည်... ဘာစကားမှထပ်မပြောဖြစ်ကြပါ

"ဆက်ထိုင်နေအုံးမှာလား မှောင်နေပြီ"

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူယူလာသောပစ္စည်းများကိုသိမ်း၍ သူမဘက် လှည့်မေးနေသော သူ

ကိုင်ထားသော canvas ပေါ်ကိုကြည့်လိုက်တော့ ရှေ့တွင်ရှိသော ရေပြင်ကျယ်နှင့် တစ်ထပ်တည်းတူညီနေ‌သောပုံက canvasပေါ်တွင် လှပစွာတည်ရှိနေသည်

"ပြန်တော့မှာပါ"

"အာ.."

သူမပြန်ဖြေသောအခါ တအံ့တဩကြည့်လာပြီး နှုတ်မှ ရုတ်တရက်ထွက်လာသော အာမေဋိတ်အသံ

သူမကို အနေတယ်ထင်တာတော့မဟုတ်ဘူးမလား... အဲ့တာကြောင့် ခုနက တစ်လျှောက်လုံး ဘာစကားမှမပြောပဲနေတာပေါ့

"ဒီမှာ‌ပေးထိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်... အိမ်ကို ကောင်းကောင်းပြန်နော် ကလေးမ"

first love diaryStories to obsess over. Discover now