Unicode
၃လခန့်ကြာသော်....
အခုဆို ရာဇဘုံမာန်ကို စာသင်ပေးတာ ၃လတောင်ကျော်ပြီဖြစ်တယ်..ရာဇာရဲ့စာမေးပွဲကလဲ နီးသထက်နီးလာပြီ..သဲကြင်ယာလဲ စာမေးပွဲနီးတာနဲ့အမျှ ရာဇဘုံမာန်အတွက် စာတွေသေချာလုပ်ပေးနေရတယ်...
"ကိုကို...ကျွန်တော့်စာမေးပွဲနီးနေပြီနော်..."
"အင်း သေချာဖြေနော်..."
"ဟုတ် ကိုကို.."
"အယ် လက်ပတ်လေးရှိသေးတာလား..."
သဲကြင်ယာက ရာဇဘုံမာန်လက််မှာပတ်ထားတဲ့ အနီရောင်ကြိုးလေးကို ကြည့်ကာမေးလိုက်တယ်...
"ကိုကိုပေးထားတာပဲ..ရှိတာပေါ့ ."
အဲ့ဒါက ဟိုတစ်လောက စာဖြေတာမှန်တာကြောင့် လက်ဆောင်အနေနဲ့ပေးထားခြင်းဖြစ်တယ်။ရာဇဘုံမာန်နဲ့ သဲကြင်ယာနဲ့က အရင်ကထက် ပိုရင်းနှီးလာတယ်။သဲကြင်ယာကလဲ သူ့ရဲ့အန္တရယ်ကို ကြိုမမြင်ဘူးပေါ့...
"ကဲ ဒါဆို ဒီစာပြန်လုပ်ကြည့်.. "
ရာဇဘုံမာန်တို့စာလုပ်နေတုန်း အခန်းထဲကို ဝင်လာတဲ့ ရာဇဘုံမာန်သူငယ်ချင်း...
"ကျီရှန်း.."
"ရာဇဘုံမာန်....အာ အကိုရှိနေတာလား ဆောရီးပါဗျ..."
ကျီရှန်းမှာ သူချစ်နေတဲ့သူရဲ့ အကိုကိုတွေ့လိုက်ရတာကြောင့် လန့်သွားတယ်..
"အယ်..ကျီရှန်း..."
"ဗျာ ကျွန်တော့်ကိုသိတာလား..."
"ကျီရှန်း..အကို့ကိုမသိဘူးလား..."
ရာဇဘုံမာန်ကတော့ နားသာထောင်နေလိုက်တယ်..ကိုကိုနဲ့ကျီရှန်းနဲ့က...
"အကို သဲကြင်ယာလေ...ငယ်ငယ်ကကျီရှန်းတို့အိမ်ဘေးကလေ..."
အဲ့အခါမှ ကျီရှန်းက..
"အကိုသဲကြင်ယာလား...ဆောရီးပါဗျာ ကျွန်တော်ငယ်သေးတော့ မမှတ်မိလိုက်ဘူး.."
"ရပါတယါ..အခု နိုင်ငံခြားက ပြန်ရောက်တာကြာပြီလား..."
"မကြာသေးဘူး.."
"အော် အေး အဆင်ပြေရင်ပြီးတာပါပဲ..ကျီရှန်းက ငယ်ငယ်ကအတိုင်းပဲ ယောက်ျားလေးလိုပဲ ကျီရှန်း မင်းညီမ မိန့်မိန့်က မင်းနိုင်ငံခြားသွားတုန်းက ငိုနေတာ..မနည်းချော့ယူရတယ်..."
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင် (Completed)
RomanceUni ဒါလေးက psycho ficပုံစံလေးပါနော်။အကြမ်းအရမ်းမကြိုက်ရင် အစထဲက ဝင်မကြည့်ဖို့ပြောပါရစေ။ကိုယ့်ရဲ့ ဒါဒါလေးတွေအတွက်ရေးပေးတာပါနော်။+အခန်းတွေပါမှာမို့လို့ မကြိုက်ရင် မဖတ်ကြပါနဲ့ ပြီးမှ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် မပြောကြပါနဲ့ fic ကို ficလို့ပဲ သဘောထားပါ။ Za...