"အဲ့တာဆိုဒေါ်လေးပဲ ဝမ်ချောင်နဲ့ယူလိုက်ပါ့လား"
"ဖျောင်း ......သွားစမ်းသူ့ကိုအမှောင်ခန်းထဲမှာတံခါးပိတ်ထားထမင်းမကျွေးနဲ့ ဟိုအကောင်အားကိုးနဲ့ငါ့ကိုလာအော်နေတာ"
"ဒေါ်လေးမလုပ်ပါနဲ့ ကျန့်ကျန့်အမှောင်ကြောက်လို့ပါ ဒေါ်လေး ဒေါ်လေး....လွှတ်ငါ့ကိုအခုလွှတ်"
"သွားကြစမ်း နားညဥ်းတယ်ခေါ်သွားကြ"
တစ်ဖက်မြေအောက်ခန်းထဲမှာတော့ တရှို့ရှို့ငိုနေတဲ့ ကောင်လေးတစ်ယောက်ရယ်ပါ
"ကျန့်ကော..... အင့်"
အမှောင်ခန်းထဲမှာ သူအရမ်းကြောက်နေခဲ့ရတာ မထင်ထားဘူး သူလာလိမ့်မယ်လို့ ရိပေါ် သူတကယ်ရောက်လာတယ် ခေါ်လိုက်တဲ့အသံလေးက ကျန့်ကောတဲ့ ဘာမှမတွေးတော့ပဲရင်ခွင်ထဲကိုအပြေးလေးတိုးဝင်လိုက်တယ် ရင်ခွင်ကြီးကနွေးလိိုက်တာ
ရှောင်းအိမ်တော်ကိုလွှတ်ထားတဲ့ သူလျှိုကြောင့် ကျန့်ကောအဖမ်းခံထားရတယ်ကြား ကြားချင်းစိတ်တွေအစိုးမရ. ထိုလူသားလေးအရမ်းကြောက်နေမှာပဲ ဒါကြောင့် အိမ်ထဲကိုခိုးဝင်လာပြီးမြေအောက်ခန်းလေးဆီသို့...........
တွေ့ပါပြီထောင့်တစ်နေရာမှာကပ်ကာငိုနေတဲ့လူသားလေး ရင်ဘတ်ထဲကတစ်ဆစ်ဆစ်နဲ့နာလိုက်တာဗျာ "ကျန့်ကော" လို့ခေါ်လိုက်တော့ မျက်ရည်စလေးတွေနဲ့မော့ကြည့်လာခဲ့တယ် ပြီးတော့ရင်ခွင်ထဲဝင်လာလို့ ခေါင်းလေးကိုအသာအယာလေးပုတ်ပေးကာ"စိတ်ချပါ ဒီတစ်ခါကျတဲ့မျက်ရည်က ကောရဲ့နောက်ဆုံးမျက်ရည်ပါပဲ ကောကိုအကောင်းဆုံးကာကွယ်ပေးမယ် " ဒီစကားကိုတော့အပြင်မှာထုတ်မပြောဖြစ်ခဲ့
"ရိပေါ် ဘယ်လိုရောက်လာတာလဲ သိသွားရင် သူတို့ရိပေါ်ကိုတစ်ခုခုလုပ်လိမ့်မယ်"
"ကျန့်ကောကစိတ်ပူတာလား "
"ဟင်"
"စတာပါ ကျန့်ကာရယ် "
"မ စ နဲ့ တကယ်ပြောတာ ငါမင်းကိုစိတ်ပူတယ်"
"ကောကိုယ့်ကိုယ်ကိုရောစိတ်မပူဘူးလား"
"ကောကနေသားကျနေပါပြီ ရိပေါ် ပြန်တော့ သူတို့လာရင်"
"ဘာဖြစ်လဲလာတော့"
part 2
Start from the beginning