ဆရာဝန်ကထိုသို့ပြောသွားသည်။

"သမီးက ဘယ်လိုဖြစ်တာလဲ ဘယ်လိုသိတာလဲ ကလေးစကားကို မင်းကဘာလို့တန်းယုံတာလဲ"

စက်ဝန်းက အခြေအနေတွေပြောင်းလဲသွား၍ မေးခွန်းထုတ်သည်။ အစက သမီးလေးကိုကြိုပြီးရင် သူတို့မိသားစုသုံးယောက်ဒိတ်လုပ်မယ်ဟုစဉ်းစားထားတာ။ ဒါပေမဲ့ ရုတ်တရက်ကြီး သမီးကငိုကာဖိုးသားဖျားနေသည်ဟုပြောကာ ဖိုးသားဆီအတင်းပို့ခိုင်းသည်။ ဒါကို တစ်ချက်လေးမှအတွန့်မတက်ဘဲ သူမလေးကလည်းလိုက်ပို့ဖို့ပြောသည်။

"သမီးလေး အသက်(၃)နှစ်ကစလာတာ...သမီးပြောတဲ့စကားတွေက အနာဂတ်မှာ တစ်ကယ်ဖြစ်လာတတ်တယ်...ကျွန်မလည်းအစက မယုံခဲ့ပေမဲ့ ကြာလာတော့ ယုံလာတယ် တစ်ခါနှစ်ခါလည်းမဟုတ်ဘူးလေ ဗေဒင်ဆရာကတော့ သဘာဝက ပေးအပ်ထားတဲ့စွမ်းအားတဲ့"

"မဖြစ်နိုင်ဘူး"

အနှစ်ဘာမှမပြောတော့ဘဲ အချိန်ပေးလိုက်သည်။ သူလည်း သမီးကို ပုံမှန်လူပဲဖြစ်စေချင်မှာပေါ့။

"လူတစ်ယောက်ရဲ့ကံတရားကို ပြောင်းလို့မရဘူး"

ဒါပေမဲ့ ဗေဒင်ဆရာတစ်ယောက်ပြောဖူးသေးသည်။ ဖူးစာရှင်နဲ့ဆုံရတဲ့အခါမျိုးဆိုရင်‌ ပုံမှန်လူလိုပဲဖြစ်သွားလိမ့်မယ်တဲ့။

ဘာပဲဖြစ်ဖြစ် သူမကတော့ သမီးလေးဘယ်လိုပဲဖြစ်ဖြစ် ချစ်နေမှာပါပဲ။

✿⁠............✿⁠...........✿⁠

ဆန်ပြုတ်ပန်းကန်ကို ဆက်တိုက်မွှေနေသည့်အသံက အခန်းအတွင်းပျံ့နှံ့နေသည်။ မွှေသံကဆူညံနေခြင်းမဟုတ်။ လူတွေက တိတ်‌ဆိတ်နေခြင်းဖြစ်သည်။

"မနှစ် တစ်ကယ်သူနဲ့ပြန်ပေါင်းတာလား...မနေ့ကမမေးလိုက်ရတော့ တစ်ညလုံးအိပ်မပျော်ဘူး ဖြေပေးပါ"

ဖိုးသားရဲ့အသံဖျော့ဖျော့ထွက်ပေါ်လာသည်။ စကားပြောချင်သည်ဟုဆို၍ အခန်းမှာ သူမနဲ့ဖိုးသားနှစ်‌ယောက်တည်းရှိပြီး သမီးတို့သားအဖက အပြင်မှာ စကားပြောနေကြသည်။

"အင်း လက်မှတ်ထိုးပြီးပြီ"

"ကျွန်တော့်ကို ယောက်ျားတစ်ယောက်လိုတောင် မတွေးဖူးဘူးလား"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now