သေချာတာက အနှစ်အမှားလည်းပါလို့ အလွယ်ပျော့တာ။

အနှစ်သာရက မာနသာကြီးတတ်တာ အချစ်နဲ့ပတ်သတ်လာရင် ၁၀၀%ကိုကို့သားကောင်ပဲ။

"စိတ်ဆိုးပါ စိတ်ကောက်ပါ ရတယ် ဒါပေမဲ့နောက်တစ်ခါတော့ ကိုယ့်နားကထွက်မသွားနဲ့"

"သမီးကို သွားကြိုရဦးမှာ လွှတ်တော့"

"ကိုယ်နဲ့အတူတူသွားကြိုမယ် အားလပ်ရက်ယူထားတာ ဒီလို အချိန်အတူတူကုန်ဆုံးချင်လို့"

"ဟုတ်ကဲ့ပါ ကျွန်မအဝတ်အရင်သွားလဲဦးမယ်"

"ဟုတ်ပါပြီဗျာ"

အဝတ်လဲခန်းထဲရောက်မှ အနှစ်သက်ပြင်းချမိသည်။

✿⁠............✿⁠...........✿⁠

"သမီးလေး!.."

"အချစ်!.."

"ဖိုးသားဆီပို့ပေး! ဖိုးသားနဲ့တွေ့ချင်တယ်"

အချစ်မျက်နှာက အနည်းငယ်အုံ့မှိုင်းပြီး ငိုချင်တဲ့ပုံစံပေါက်နေတာကြောင့် အနှစ် သမီးလေးရှေ့ဒူးတုပ်ထိုင်ကာ မေးသည်။

"ဘာဖြစ်လို့လဲ သမီးလေး"

"ဖိုးသား ဖိုးသားနေမကောင်းဘူး "

"ဟင်!.."

"ဖိုးသားဆီပို့ပေး မေမေ!.."

သမီးလေးက ငိုပြီးပြောတော့အနှစ်တို့ ဖိုးသားရှိရာဆီထွက်ခဲ့ကြသည်။ ပေးထားတဲ့နေရာဆီရောက်တော့ ဖိုးသားတစ်ယောက်တည်းရှိပြီး အတူနေသူငယ်ချင်းကရှိမနေခဲ့။ ခြံဝန်းရှေ့က လုံခြုံရေးဦးလေးကို သေချာပြောပြီးမှ ဝင်ခွင့်ရခဲ့ကြသည်။ သမီးလေးပြောသည့်အတိုင်း ဖိုးသားအဖျားတွေတက်ကာ မေ့လဲနေသည်။ ဘေးနားမှာ ဘီယာဘူးခွံအများကြီးပျံ့ကြဲနေပုံအရ ‌မူးပြီး အဖျားပါသွားတာဖြစ်ရမည်။

"သမီးလေး ဖိုးသားအဆင်ပြေပြီမလို့လို့ စိတ်မပူနဲ့တော့နော်"

သမီးကိုလည်းတစ်ဖန်ချော့ရသေးသည်။ မကြာပါ။ စက်ဝန်းရဲ့အသိဆရာဝန်တစ်‌ယောက် အပြေးအလွှားရောက်လာသည်။

"ခန္ဓာကိုယ်က အရမ်းအားနည်းနေတာ အလုပ်ဖိစီးပြီး အိပ်ရေးပျက်တာရော ဘီယာအများကြီးသောက်လိုက်တာကြောင့်ပါ လဲကျသွားတာ စိတ်မပူပါနဲ့ ပြန်နိုးလာမှာပါ သုံးရက်လောက်တော့ ဆန်ပြုတ်ပဲကျွေးပေးပါ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now