အပိုင်း(၁)

273 29 1
                                    

Unicode

"ယောင်းမလေး အမေ့ကိုသကြားရည်တစ်ပန်းကန်လောက်သောက်လို့ရနိုင်မလားလို့ပြောပေးလို့ရမလား ကျွန်မအမှန်တကယ်ဆက်မွေးဖို့ခွန်အားမရှိတော့လို့ပါ"

အိပ်ယာပေါ်မှာ မဒမ်ကျောက်သည်ချွေးများအလွန်အမင်းထွက်နေသည် သူမရဲ့နှုတ်ခမ်းတွေကအရောင်မဲ့နေပြီး သူမျက်နှာကလဲဖျော့တော့နေသည် သူမရဲ့ချွေးဖြိုင်ဖြိုင်ကျနေသောဆံပင်များသည်သူမမျက်နှာတွင်ကပ်နေပြီး သူမသည်ကုတင်ဘေးမှာမြင့်မားစွာရပ်နေသော အမျိုးသမီးကို အသနားခံစွာကြည့်နေခဲ့သည်

မဒမ်ကျောက်ရဲ့ဗိုက်မီးဖွားနေဟန်စူထွက်နေခဲ့သည် သို့သော်လည်း သူမတစ်ရက်နဲ့တစ်ညမွေးဖွားရန်ကြိုးစားခဲ့ပြီးပြီဖြစ်ပြီး သူမရဲ့ခွန်အားများကုန်ခန်းနေခဲ့တာကြာပြီဖြစ်သည် ဒီချိန်မှာ သူမသည် သူမရဲ့လက်ကိုေတာင် မြှောက်ပင့်ဖို့အားမရှိတော့ပါဘူး သူမရှင်းရှင်းလင်းလင်းသိခဲ့တယ် အကယ်၍သူမတစ်ခုခုမစားဘူးဆိုလျှင် သူမသည် ဒီကလေးကိုမမွေးနိုင်ဘူးဆိုတာကို

"ယောင်းမ နင်ကျွန်မကိုခက်ခဲအောင်လုပ်နေတာမဟုတ်ဘူးလား ငါတို့ရဲ့အမေပင်ကိုစရိုက်ကို နင်မသိတာလည်းမဟုတ်ဘူး နင်တတိယညီအစ်ကိုအတွက်သားလေးမွေးပေးနိုင်ရင် နင့်ကို အမေက သကြားရည်ပေးဖို့ငြင်းဆိုပါ့မလား နင်လိုချင်ခဲ့တာမလား အဲ့ဒီအရာကို မင်းဖြစ်နိုင်ရင် တတ်နိုင်သမျှ ပိုကြိုးစားပြီးမွေးသင့်တယ် ဒီလိုဆက်ဖြစ်နေရင်မကောင်းတော့ဘူး"

မဒမ်လီသည်မဒမ်ကျောက်အားကသိကအောက်ဖြစ်သောအမူအရာနဲ့ပြောလိုက်သည်

အကယ်၍သူမရဲ့ဒုတိယယောင်းမ(မဒမ်ကျိုး)သည် သူမရဲ့မိသားစုအိမ်သို့ပြန်သည်ဆိုသောအချက်ကြောင့်သာမဟုတ်ဘူးဆိုရင် မဒမ်ကျောက်၏ကလေးအားမွေးဖွားပေးရန်တာဝန်သည် သူမတစ်ယောက်တည်းအပေါ်ကိုကျရောက်လာလိမ့်မည်မဟုတ်ပေ သူမတစ်နေ့နဲ့တစ်ညကြိုးစားပြီးမီးဖွားထားပြီးတာတောင် မမွေးဖွားနိုင်သေးဘူး ဘယ်လိုတောင်ကံဆိုးလိုက်သလဲ

လယ်ယာမိသားစုရဲ့ကလေးအဖြစ်ကူးပြောင်းလာခဲ့တယ်(MM translation)Where stories live. Discover now